the republic of the union of myanmar

ministry of health

Department of Traditional Medicine

field trip

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်ပြည်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ တိုင်းဒေသကြီးဦးစီးဌာနမှူး၏လမ်းညွှန်မှုဖြင့် ပြည်ခရိုင် ပြည်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး  ဒေါ်သိန်းသိန်းဆွေသည် (၂၀.၇.၂၀၂၃)ရက်နေ့တွင် ပြည်မြို့ခေတ္တရာဘိုးဘွားရိပ်သာ၌ ကွင်းဆင်းဆေးကုသမှု့ဆောင်ရွက်ရာ ကျား( ၆)ဦး  မ  (၈)ဦး  စုစုပေါင်း(၁၄)ဦးအား တိုင်းရင်း​ဆေးဖြင့်ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်ရှုပါ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဆရာ/ဆရာမများသည်  ၁၈-၇-၂၀၂၃ ရက်နေ့တွင် အောင်သပြေဘိုးဘွားရိပ်သာ၌ ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ရာ ကျား(၅)ဦး၊ မ(၁၀)ဦး  စုစုပေါင်း လူနာ(၁၅)ဦးအား ကွင်းဆင်းဆေးကုသပေးခဲ့ပါသည်။ ဒူးနား၊ခါးနာရောဂါအကြောင်းအား ပညာပေး ဟောပြောခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုပါ

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ပုသိမ်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၁၉,၇,၂၀၂၃)ရက်နေ့တွင် ဆရာ/ဆရာများသည် ညောင်ကုန်းကျေးရွာ အမျိုးသမီးအိမ်တွင်းမှုသင်တန်းကျောင်း၌ ကွင်းဆင်းဆေးကုသရာ ကျား-(၅)ဦး မ(၂၄)ဦး စုစုပေါင်း(၂၉) ဦးအားကွင်းဆင်းကုသ‌​ပေးခဲ့ပါကြောင်းနှင့် မီးယပ်ဖြူဆင်းခြင်းရောဂါအကြောင်း သိကောင်းစရာနှင့်ဆောင်ရန်ရှောင်ရန်တို့ကို သင်တန်းသူ (၅၄)ဦးအား အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုပါ

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းခရိုင် တိုင်းရင်းဆေးကုဌာနမှ ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်သင်းသင်းဦး ဦးဆောင်ပြီး ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ဇင်မာဦးနှင့် အကြီးတန်းစာရေးဒေါ်ခင်မေသက်တို့အဖွဲ့သည် ၁၉-၇-၂၀၂၃ ရက် ဗုဒ္ဓဟူးနေ့တွင် နေ့လယ် ၁း၀၀ နာရီမှ ၃း၀၀ နာရီအထိ ကျောက်ပန်းတောင်း မြို့ရှိ သဒ္ဓမ္မနန္ဒီသီလရှင် ကျောင်းတိုက်၌  ရောဂါကြီး (၆) မျိုးအကြောင်း  ကျန်းမာရေးအသိပညာပေးဟောပြော ဆောင်ရွက်ခဲ့ရာတွင် တက်ရောက်သူ (၅၀)ဦးနှင့် အခမဲ့ကွင်းဆင်းဆေးကုသခြင်း  အမျိုးသမီးလူနာ  မလူကြီး(၁၅)ဦး  မလူငယ် (၃)ဦး စုစုပေါင်း(၁၈) ဦးတို့ အား အခမဲ့ကွင်းဆင်းဆေးကုသမှု့ဆောင်ရွက်ခဲ့ပါကြောင်းသိရှိရပါသည်။

ဆက်လက်ဖတ်ရှုပါ

Pages

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း