ရခိုင်ပြည်နယ် ကျောက်တော်မြို့ (၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံမှ ဒုတိယတိုင်းရင်းဆေးမှူး ဦးဗိုလ်စံသိန်းနှင့် အဖွဲ့သည် ၁၆-၇-၂၀၂၃ ရက်နေ့တွင် ကျောက်တော်မြို့နယ် တောင်ပေါက်ကျေးရွာ၌ ကွင်းဆင်းဆေးကုသခဲ့ရာ လူနာ ကျားလူကြီး (၂၅) ဦး၊ မလူကြီး (၆၀) ဦး၊ ကလေး-ကျား (၄) ဦး၊ ကလေးမ (၃) ဦး၊ စုစုပေါင်း (၉၂) ဦးအား တိုင်းရင်းဆေးဖြင့် ဆေးကုသမှုပေးခဲ့ကြောင်းသိရှိရသည်။
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ဖြူမာကိုသည် (၁၅-၇-၂၀၂၃)ရက်နေ့တွင် အောင်လံမြို့နယ်ဘိုးဘွားရိပ်သာ၌ အဘိုးအဘွားနှင့်လူနာ(၁၅)ဦး အား တိုင်းရင်းဆေးပညာဖြင့်အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရှိရသည်။
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်အေးအေးစမ်းသည် ဌာနဆိုင်ရာများစုပေါင်း၍ ၁၅-၇- ၂၀၂၃ရက်နေ့တွင် ကွင်းဆင်းဆောင်ရွက်ရာတွင်ပုဏ္ဏားကျွန်းမြို့နယ် ၊ပေါက်တောပြင်ကျေးရွာ၌ ကျား / မဦးရေ ဦးရေ (၂၅၀) ဦးအား ဝမ်းလျှော၊ဝမ်းပျက်ရောဂါကြိုတင်ကာကွယ်ပါ ခေါင်းစဥ်ဖြင့် တိုင်းရင်းဆေးဖြင့်ကျန်းမာရေးအသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရသည်။
ရခိုင်ပြည်နယ် တိုင်းရင်းဆေးပညာဦးစီးဌာနသံတွဲခရိုင်မှ ခရိုင်တိုင်းရင်းဆေးမှူးဒေါ်လှိုင်လေးအောင်သည် ၁၅- ၇- ၂၀၂၃ ရက်နေ့တွင် ငပလီမြို့ ဇီးဖြူကုန်းရပ်ကွက်၌ ကျားလူကြီး ၅၇ ဦး မလူကြီး ၉၆ ဦး စုစုပေါင်း ၁၅၃ ဦး အား ကွင်းဆင်းဆေးကုသပေးခဲ့ပြီး ၈၅ ဦးအား တိုင်းရင်းဆေးပညာဖြင့် ပညာပေးဟောပြောခဲ့ကြောင်းသိရှိရသည်။