the republic of the union of myanmar

ministry of health

Department of Traditional Medicine

field trip

ဧရာဝတီတိုင်း​ဒေသကြီး၊ ဖျာပုံခရိုင်၊ ​ ဘိုက​လေးမြို့နယ် တိုင်းရင်း​ဆေးကုဌာနမှ ​(၁၂.၇.၂၀၂၃)  ရက်​နေ့တွင် အမှတ်(၁)ရပ်ကွက်၌ ကွင်းဆင်း​ဆေးကုသမှုဆောင်ရွက်ခဲ့ရာ ကျား(၁၀)ဦး၊ မ(၄၅)ဦး  စုစု​ပေါင်းလူနာ(၅၅)ဦး အား ကွင်း​ဆင်းကုသ​ပေးခဲ့ပြီး အဖျား​ရောဂါအကြောင်းကို  လူဦးရေ (၂၀)ဦးအား ကျန်းမာ​ရေးပညာ​ပေး​ဟော​ပြောခဲ့ကြောင်းသိရှိရသည်။

ဆက်လက်ဖတ်ရှုပါ

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ခရမ်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှုး ဒေါ်လှမြတ်ထက် ဦးဆောင်သောအဖွဲ့သည် ၁၂.၇.၂၀၂၃ ရက်နေ့ နံနက် ၉ နာရီမှ ၁၂:၀၀ နာရီအထိ၊ အထက - ၁၊ ခရမ်းမြို့၌ ကျောင်းကျန်းမာရေးစစ်ဆေးပေးခဲ့ပြီး  ကုသခံ ဦးရေမှာ ကလေး ကျား (၁၈) ဦး၊ ကလေး မ (၁၅) ဦး၊ စုစုပေါင်း (၃၃) ဦးအား ဆေးကုသမှုပေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရမ်းမြို့နှင့် ပူးပေါင်း၍ လူငယ်အသိပညာပေးဟောပြောပွဲတွင် ကျန်းမာရေးအသိပညာပေးခြင်းအနေဖြင့် မြို့နယ်တိုင်းရင်း ဆေးမှုး ဒေါ်လှမြတ်ထက်မှ တိုင်းရင်းဆေးဝါးဝယ်ယူသုံးစွဲသူများသိကောင်းစရာအချက်များကို ကျောင်းသား/ ကျောင်းသူ (၁၅၀) ဦးအား တိုင်းရင်းဆေးပညာဖြင့်အသိပညာပေးဟောပြောခဲ့ကြောင်းသိရှိရသည်။

ဆက်လက်ဖတ်ရှုပါ

ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှု့ဖြင့် ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန အားကစားနှင့်လူငယ်​ရေးရာဦးစီးဌာန စားသုံးသူ​ရေးရာဦးစီးဌာန တို့နှင့်ပူးပေါင်း၍ ရွှေတောင်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ရွှေတောင်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်နီလာမြင့်သည် ၁၂-၇-၂၀၂၃ ရက်နေ့တွင် ရွေတောင်မြို့နယ် ဝါးလယ်ကျေးရွာရှိ အ.မ.က(ဝါးလယ်)ကျောင်း၌ အဆုတ်​လေပြွန်​ရောင်​ရောဂါအ​ကြောင်းကို ​ကျောင်းသား​/ကျောင်းသူ (၄၅)ဦးအား ကျန်းမာ​ရေးအသိပညာပေး ​ဟော​ပြောခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုပါ

ပဲခူးတိုင်းဒေသကြီး တိုင်းဒေသကြီးဦးစီးဌာနမှူး၏လမ်းညွှန်မှုဖြင့် (၂၅)ခုတင်ဆံ့ ပြည်တိုင်းရင်းဆေးရုံမှ ဆေးရုံအုပ် ဒေါ်သူဇာမြင့်နှင့် အငယ်တန်းစာရေး ဒေါ်ဝေမာလွင်သန်းတို့သည် ၁၁-၇-၂၀၂၃  ရက်နေ့ နေ့လယ်(၂) နာရီတွင် ပြည်မြို့န၀င်းရပ်ကွက်ရှိ န၀င်းဝါဆိုကျောင်းတိုက်၌ သံဃာ(၁၇)ပါး သီလရှင်(၇)ပါး စုစုပေါင်း (၂၄)ပါးတို့အား တိုင်းရင်းဆေးဖြင့်ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုပါ

Pages

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း