ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဆရာ/ဆရာမများသည် (၁၁-၇-၂၀၂၃) ရက်နေ့တွင် အ.မ.က ရေတွင်းကုန်းကျောင်း၌ ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ခဲ့ရာ လူကြီး(ကျား)(၃)ဦး၊ လူကြီး(မ)(၁၄)ဦး၊ ကလေး(ကျား)(၆၄)ဦး၊ ကလေး(မ)(၇၅)ဦး၊ စုစုပေါင်း (၁၅၆)ဦး အား ဆေးကုသပေးခဲ့ပါ ကြောင်းနှင့် မိုးရာသီ၌ဖြစ်တတ်သောရောဂါများအကြောင်းကို လူဦးရေ(၂၃၄)ဦးအား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။
ပဲခူးတိုင်းဒေသကြီး တိုင်းဒေသကြီးဦးစီးဌာနမှုး၏လမ်းညွန်မှုဖြင့် ပဲနွယ်ကုန်းမြို့တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှုး ဒေါ်အမာကြည်နှင့်ဆေးခန်းအကူ ဒေါ်အိမ့်ကြည်ဖြူတို့သည် ၁၁-၇-၂၀၂၃ ရက်နေ့တွင် ပဲနွယ်ကုန်းမြို့ တပင်ရွှေထီး(မြောက်ခြမ်း)အလက(ခွဲ)၌ ကျောင်းကျန်းမာရေး ပညာပေးဟောပြောရာတွင် မိုးရာသီတွင်ဖြစ်တတ်သောရောဂါများအကြောင်းနှင့်ဆောင်ရန်ရှောင်ရန်အကြောင်းများကို ကျောင်းသား/ ကျောင်းသူ (၆၉)ဦးတို့အား ပညာပေးဟောပြောခဲ့ပြီး ကျား(၁၃)ဦး၊ မ(၂၄)ဦး စုစုပေါင်း(၃၇)ဦး တို့အား တိုင်းရင်းဆေးဖြင့်ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရှိရသည်။
ဧရာ၀တီတိုင်းဒေသကြီး ဟင်္သာတခရိုင်ကြံခင်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဆရာ/ဆရာမများသည် ၁၀-၇-၂၀၂၃ ရက်နေ့တွင် တလိုင်းကွင်းကျေးရွာအုပ်စု ကျွန်းစုကျေးရွာ၌ ကွင်းဆင်းဆေးကုသမှု့များဆောင်ရွက်ခဲ့ရာ ကျား( ၉)ဦး မ( ၃၅) ဦး စုစုပေါင်းလူနာ(၄၄)ဦးအား တိုင်းရင်းဆေးဖြင့် ကွင်းဆင်းကုသမှု့ ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရသည်။
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်း ဆေးမှူး ဒေါ်စုစုဝင်းနှင့် ကျောက်ဆည်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ဆွေဆွေမြင့်တို့ ဦးဆောင်သော အဖွဲ့သည် ၈-၇-၂၀၂၃ ရက်နေ့တွင် ကျောက်ဆည်မြို့နယ်ပဲခင်းရွာ၌ ကွင်းဆင်းဆေးကုသခဲ့ရာ ကျား-(၂၅)ဦး၊ မ-(၄၂)ဦးတို့အား အခမဲ့ဆေးကုသမှုပေးခဲ့ပြီး ကျေးရွာသူ/ကျေးရွာသား(၈၀)ဦးအား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးအသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရသည်။