ကရင်ပြည်နယ် ခုတင်(၅၀)ဆံ ဘားအံတိုင်းရင်းဆေးရုံမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်နွေဦးခင်နှင့် အထက်တန်းသူနာပြု ဒေါ်နန်းမင်းမင်းအေး တို့သည် (၅.၇.၂၀၂၃)ရက်နေ့တွင် အ.မ.က (၇) ကျောင်း၌ ကျန်းမာရေး ကွင်းဆင်းဆေးကုသမှုများဆောင်ရွက်ခဲ့ရာ လူကြီးကျား (၄၁) လူကြီးမ (၃၂)ဦး စုစုပေါင်း(၇၃)ဦး ကို တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရှိရပါသည်။
ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း) ရွှေကျင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်အိမွန်ဦးနှင့် လ/ထတိုင်းရင်းဆေးမှူး ဒေါ်အေးသူသူဝင်းတို့သည် ၆-၇-၂၀၂၃ ရက်နေ့တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်း၍ အလက (ခွဲ)မကျည်းတန်းကျောင်း၌ ကျောင်းကျန်းမာရေးအတွက် ကျောင်းသား/ ကျောင်းသူ (၆၀)ဦးအား စစ်ဆေးဆောင်ရွက်ပေးခဲ့ပြီး လ/ထတိုင်းရင်းဆေးမှူး ဒေါ်အေးသူသူဝင်းမှ မိုးရာသီတွင်ဖြစ်တတ် သောရောဂါများအကြောင်းကို ကျောင်းသား/ကျောင်းသူ ( ၂၃ )ဦးအား တိုင်းရင်းဆေးပညာဖြင့် အသိပညာပေး ဟောပြော ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ (၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံ၊မော်လမြိုင်ကျွန်းမြို့မှ ဆရာ/ဆရာမများသည် ၅-၇-၂၀၂၃ ရက်နေ့တွင် မော်လမြိုင်ကျွန်းမြို့ ဘိုးဘွားရိပ်သာ၌ ကွင်းဆင်းဆေးကုသရာ လူနာ ကျား(၄)ဦး၊ မ(၉)ဦး၊ စုစုပေါင်းလူနာ (၁၃) ဦးအား တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းကုသပေးခဲ့ပါကြောင်းသိရှိရသည်။
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့ (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ 5.7.2023 ရက်နေ့ နံနက်၉.၀၀နာရီတွင် ဒုတိယတိုင်းရင်းဆေးမှူး ဦးမောင်မောင်သန့်၊ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ခင်စန်းလှိူင်နှင့်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်မေနှင်း၊ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်ကေသီမွန်တို့ပူးပေါင်း၍ ရေတာရှည်မြို့. ကျားဆင်သာမဏေကျော်စာသင်တိုက်သို့ သွားရောက်ကာ သံဃာတော်အရှင်သူမြတ်(၃၃)ပါးအား ကျန်းမာရေးစောင့်ရှေက်မှူပေးခြင်းနှင့် သံဃာတော်အရှင်သူမြတ်(၂၂)ပါးအား မိုးရာသီတွင် ဖြစ်တက်သော အအေးမိဖျားနာခြင်း အကြောင်းကို တိုင်းရင်းဆေးပညာဖြင့် အသိပညာပေး ဟောပြောခဲ့ကြောင်းသိရှိရသည်။