တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တိုင်းရင်းဆေးပညာဦးစီးဌာနမှူးရုံးနှင့် (၂၅)ခုတင်ဆံ့ မြိတ်တိုင်းရင်းဆေးရုံတို့ ပူးပေါင်း၍ ၇-၇-၂၀၂၃ ရက်နေ့တွင် ဘိုးဘွားရိပ်သာ၌ အဘိုးအဘွားများကို တိုင်းရင်းဆေးဖြင့် အခမဲ့ကွင်းဆင်း ဆေးကုသမှုပေးခဲ့ကြောင်းသိရှိရသည်။
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ဒလမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဦးတင်ဖြိုးအောင် ဦးဆောင်သောအဖွဲ့သည် (၁၁၊၇၊၂၀၂၃)ရက် နံနက်(၉း၀၀)နာရီမှ နေ့လယ်(၁၂း၀၀)နာရီထိ၊ အံကြီးအရှေ့ရပ်ကွက်၊ ဇိတံမေကျောင်းတိုက်၌ အံကြီးအရှေ့ရပ်ကွက်၌ လူကြီး(ကျား)၂၃ဦး၊ လူကြီး(မ)၁၈ဦး၊ စုစုပေါင်း (၄၁)ဦး တိုင်းရင်းဆေးဖြင့် အခမဲ့ကွင်းဆင်းဆေးကုသပေးပြီး အများဆုံးကုသပေးခဲ့သောရောဂါမှာ ဒူးနာ၊ခါးနာ၊ဇက်နာ၊ထုံကျဥ်၊ လေငန်း၊ကျီးပေါင်းရောဂါတို့ဖြစ်ကြောင်းတွေ့ရှိရပြီး မြို့နယ်တိုင်းရင်းဆေးမှူး ဦးတင်ဖြိုးအောင်မှ ကံ၊စိတ်၊ဥတု၊အာဟာရ ညီညွတ်မျှတမှ ကျန်းမာခြင်းသုခနှင့် ပြည့်စုံရခြင်းကို တိုင်းရင်းဆေး ပညာအမြင်ဖြင့် ပညာပေးဟောပြောရာ လူဦးရေစုစုပေါင်း (၄၁)ဦးအား ပညာပေးဟောပြောပေးခဲ့ကြောင်း သိရှိရ သည်။
ပဲခူးတိုင်းဒေသကြီး ပဲခူးတိုင်းဒေသကြီး ဦးစီးဌာနမှူး၏ လမ်းညွှန်မှုနှင့် နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဦးအောင်ညို မြို့နယ်တိုင်းရင်းဆေးမှူးသည် (၁၁-၇-၂၀၂၃) ရက်နေ့တွင် ဇီးကုန်းဘိုးဘွားရိပ်သာ၌ ပုံမှန်ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ရာ အဘိုး(၃)ဦးနှင့် အဘွား(၂) ဦးအား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ပဲခူးတိုင်းဒေသကြီး တိုင်းဒေသကြီးဦးစီးဌာနမှုး၏လမ်းညွန်မှု့ဖြင့် ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှုး ဒေါ်ခင်လှတိုးသည် ၁၁-၇-၂၀၂၃ရက်နေ့တွင် ဝန်လိုရပ်ကွက် မူလွန်ကျောင်း၌ ကျောင်းကျန်းမာရေးဆောင်ရွက်ခဲ့ရာကျောင်းသား/သူ- ကျား (၄၆)ဦး၊ မ (၅၃)ဦး၊ စုစုပေါင်း (၉၉)ဦး တို့အား တိုင်းရင်းဆေးဖြင့်ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရှိရပါသည်။