the republic of the union of myanmar

ministry of health

Department of Traditional Medicine

field trip

ပဲခူးတိုင်းဒေသကြီး တိုင်းဒေသကြီးဦးစီးဌာနမှုး၏လမ်းညွန်မှုဖြင့် ပဲနွယ်ကုန်းမြို့တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှုး ဒေါ်အမာကြည်နှင့်ဆေးခန်းအကူ ဒေါ်အိမ့်ကြည်ဖြူတို့သည် ၁၁-၇-၂၀၂၃ ရက်နေ့တွင် ပဲနွယ်ကုန်းမြို့ တပင်ရွှေထီး(မြောက်ခြမ်း)အလက(ခွဲ)၌ ကျောင်းကျန်းမာရေး ပညာပေးဟောပြောရာတွင် မိုးရာသီတွင်ဖြစ်တတ်သောရောဂါများအကြောင်းနှင့်ဆောင်ရန်ရှောင်ရန်အကြောင်းများကို ကျောင်းသား/ ကျောင်းသူ (၆၉)ဦးတို့အား ပညာပေးဟောပြောခဲ့ပြီး ကျား(၁၃)ဦး၊ မ(၂၄)ဦး စုစုပေါင်း(၃၇)ဦး တို့အား တိုင်းရင်းဆေးဖြင့်ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုပါ

ဧရာ၀တီတိုင်းဒေသကြီး ဟင်္သာတခရိုင်ကြံခင်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ  ဆရာ/ဆရာမများသည် ၁၀-၇-၂၀၂၃ ရက်နေ့တွင် တလိုင်းကွင်းကျေးရွာအုပ်စု ကျွန်းစုကျေးရွာ၌ ကွင်းဆင်းဆေးကုသမှု့များဆောင်ရွက်ခဲ့ရာ  ကျား( ၉)ဦး မ( ၃၅) ဦး စုစုပေါင်းလူနာ(၄၄)ဦးအား တိုင်းရင်းဆေးဖြင့် ကွင်းဆင်းကုသမှု့ ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုပါ

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်း ဆေးမှူး ဒေါ်စုစုဝင်းနှင့် ကျောက်ဆည်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ဆွေဆွေမြင့်တို့ ဦးဆောင်သော အဖွဲ့သည် ၈-၇-၂၀၂၃ ရက်နေ့တွင် ကျောက်ဆည်မြို့နယ်ပဲခင်းရွာ၌ ကွင်းဆင်းဆေးကုသခဲ့ရာ ကျား-(၂၅)ဦး၊ မ-(၄၂)ဦးတို့အား အခမဲ့ဆေးကုသမှုပေးခဲ့ပြီး ကျေးရွာသူ/ကျေးရွာသား(၈၀)ဦးအား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးအသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုပါ

ပဲခူးတိုင်း​ဒေသကြီး ပဲခူးခရိုင် သနပ်ပင်တိုင်းရင်း‌ဆေးကုဌာန မြို့နယ်တိုင်းရင်း​ဆေးမှူး​ ဒေါ် ခင်ခင်မြင့်သည် ၉-၇-၂၀၂၃ ရက်‌နေ့တွင် ဘူတာညပိုင်းရပ်ကွက်၌ တိုင်းရင်း​ဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် လူနာကျား(၇)ဦး၊ မ(၂၄)ဦး ၊ စုစုပေါင်း (၃၁) ဦးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုပါ

Pages

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ