ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် သနပ်ပင်တိုင်းရင်းဆေးကုဌာန မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ် ခင်ခင်မြင့်သည် ၉-၇-၂၀၂၃ ရက်နေ့တွင် ဘူတာညပိုင်းရပ်ကွက်၌ တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် လူနာကျား(၇)ဦး၊ မ(၂၄)ဦး ၊ စုစုပေါင်း (၃၁) ဦးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ကြောင်း သိရှိရသည်။
ကရင်ပြည်နယ် ဘားအံမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှုး ဒေါ်ဌေးဌေးနွယ် သည် ၈.၇.၂၀၂၃ ရက်နေ့တွင် စစ်ကြောင်းကြီးငါးကြောင်းနှင့် ကော့မူးတာကျေးရွာ၌ ကွင်းဆင်းဆေးကုသမှုပေးခဲ့ရာ လူနာဦးရေ ကျား (၈)ဦး၊ မ(၁၇) ဦး စုစုပေါင်း(၂၅)ဦး အား တိုင်းရင်းဆေးဖြင့်ဆေးကုသမှုပေးခဲ့ကြောင်း သိရှိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ (၁၆)ခုတင်ဆံ့ ပုသိမ်တိုင်းရင်းဆေးရုံမှ ဆေးရုံအုပ် ဒေါ်ဇာနည်စိုး ဦးဆောင်၍ ဒုတိယ တိုင်းရင်းဆေးမှူး ဒေါ်သော်တာစိုးနှင့် ဆရာ/ဆရာမအဖွဲ့ဝင်(၅)ဦး တို့သည် (၈.၇.၂၀၂၃) ရက်၊ စနေနေ့ တွင် ပုသိမ်မြို့ ပေါက်ကုန်းဘုန်းကြီးကျောင်း၌ တိုင်းရင်းဆေးပညာဖြင့် အခမဲ့ ကွင်းဆင်းဆေးကုသခြင်း ဆောင်ရွက်ရာတွင် ကျား(၁၇)ဦး၊ မ(၆၃)ဦး၊ စုစုပေါင်း လူနာ (၈၀)ဦးတို့အား အခမဲ့ ဆေးကုသပေးခဲ့ကြောင်း သိရှိရသည်။
ပဲခူးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးပညာဖြင့်ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း
Sun , Jul 09 2023 - 09 amပဲခူးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါဇာဇာထွန်းသည် ၇.၇.၂၀၂၃ရက်နေ့တွင် သပြေကုန်းဘိုးဘွားရိပ်သာ၌ အဘိုး ကျား (၇)ဦး၊ အဘွား မ (၉) ဦး စုစုပေါင်း (၁၆) ဦးတို့အား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ ကြောင်း သိရှိရသည်။