မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ၁-၇-၂၀၂၃ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ပုဇွန်တောင်မြို့နယ် တိုင်းရင်းဆေးပညာဦးစီးဌာနမှ တိုင်းရင်းဆေးပညာအကြောင်း သိကောင်းစရာအကြောင်းကို အသိပညာပေးဟောပြောခဲ့ပါကြောင်း သိရှိရသည်။
ပဲခူးတိုင်းဒေသကြီး၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူး၏လမ်းညွှန်မှု့ဖြင့် ပြည်ခရိုင် ပြည်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူးဒေါ်သိန်းသိန်းဆွေသည် (၂-၇-၂၀၂၃)ရက်နေ့တွင် ပြည်မြို့သာဿနာ့ဗိမ္မာန်၌ ကျင်းပပြုလုပ်သော ဓမ္မစကြာနှင့်အနတ္တလက္ခဏာသုတ်ရွတ်ဆိုပူဇော်ပြိုင်ပွဲတွင် တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးရာတွင် လူနာ မ( ၁၅) ဦး အား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပါကြောင်း သိရှိရသည်။
ရခိုင်ပြည်နယ် ကျောက်တော်မြို့ (၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံ၊ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဦးဗိုလ်စံသိန်းနှင့် ဒုတိယတိုင်းရင်းဆေးမှူး ဦးဇော်ရဲအောင်တို့သည် ကျောက်တော်မြို့၊ ပိုက်သယ်ရပ်ကွက် (ကယ်ဆယ်ရေးစခန်း)၌ ကွင်းဆင်းဆေးကုသမှုပေးခဲ့ရာ လူနာ ကျား (၃၀) ဦး၊ မ ( ၇၃) ဦး၊ စုစုပေါင်း လူနာဦးရေ ( ၁၀၃) ဦးတို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရှိရသည်။
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်၊ (၁၆) ခုတင်ဆံ့တိုင်းရင်းဆေးရုံမှ ဆရာ/ဆရာမများသည် (၂၃.၆.၂၀၂၃) ရက်နေ့တွင် ရတနာမာရ်အောင်သီလရှင်စာသင်တိုက်၌ သီလရှင်စုစုပေါင်း (၃၀)ဦးအား တိုင်းရင်းဆေးပညာဖြင့် အခမဲ့ကွင်းဆင်းဆေးကုသမှုပေးခဲ့ကြောင်း သိရှိရသည်။