ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်သိန်းသိန်းဆွေသည် (၂၁-၆-၂၀၂၃) နေ့တွင် ပြည်မြို့ ခေတ္တရာဘိုးဘွားရိပ်သာ၌ အဘိုး(၈) ဦးနှင့် အဖွား (၇) ဦးတို့အား တိုင်းရင်းဆေးဖြင့် ကွင်းဆင်းဆေးဝါးကုသမှု့ ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရသည်။
ပဲခူးတိုင်းဒေသကြီး အုတ်ဖိုမြို့နယ် တိုင်းရင်းဆေးခန်းနှင့်ကြို့ပင်ကောက်မြို့နယ်တိုင်းရင်းဆေးခန်းပူးပေါင်း၍ (၁၉-၆-၂၀၂၃)ရက်နေ့တွင် တိုင်းဒေသကြီးဦးစီးဌာနမှုး၏ လမ်းညွှန်မှာကြားချက်ဖြင့် အုတ်ဖိုမြို့နယ် အေးမြသာယာမြို့နယ် အုပ်ချုပ်ရေးမှုးရုံး၌ တိုင်းရင်းဆေးပညာဖြင့် အခမဲ့ကွင်းဆင်းဆေးကုသခဲ့ရာ လူနာကျား (၁၅)ဦး၊ မ(၁၅)ဦး စုစုပေါင်း လူနာ(၃၀) ဦး လာရောက်ကုသမှုခံယူခဲ့ပါကြောင်း သိရှိရသည်။
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဆရာ/ဆရာမများသည် ၁၇-၆-၂၀၂၃ ရက်နေ့တွင် ရေကြည်မြို့နယ် ဆီစုံကုန်းကျေးရွာ၌ ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ရာ ကျား (၁၈)ဦး မ (၂၄)ဦးနှင့် စုစုပေါင်း လူနာ (၄၂)ဦး အား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရှိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဆရာ/ဆရာမများသည် (၁၈-၆-၂၀၂၃)ရက်နေ့တွင် ဝါးခယ်မမြို့နယ် လှေကျင်းရပ်ကွက်အတွင်း ကျား(၁၈)ဦး၊ မ(၃၉)ဦး စုစုပေါင်း လူနာ (၅၇)ဦး တို့ကို တိုင်းရင်းဆေးပညာြဖင့် ကွင်းဆင်းဆေးကုသခဲ့ကြောင်း သိရှိရသည်။