the republic of the union of myanmar

ministry of health

Department of Traditional Medicine

field trip

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် တိုင်းရင်းဆေးကုဌာနနှင့် ဘိုကလေး၊ ကျိုက်လတ်၊ ဒေးဒရဲမြို့နယ် တိုင်းရင်းဆေးကုဌာနများမှ ဆရာ/ဆရာမများသည် ၂၂-၆-၂၀၂၃ ရက်နေ့တွင်ဖွင့်လှစ်ခဲ့သည့်  ဖျာပုံခရိုင်ဒေသအတွင်း အသေးစား၊အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်း (MSMEs) ထုတ်ကုန်ပြပွဲနှင့် မိုးရာသီဈေးရောင်းပွဲတော်တွင် တိုင်းရင်းဆေးပညာပေးပြခန်းများပြသခြင်းဆောင်ရွက်ခြင်းနှင့် ဖျာပုံခရိုင်ရှိ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးလုပ်ငန်း(၉)ခုတို့မှ တိုင်းရင်းဆေးဝါးများ ပြသခြင်းရောင်းချခြင်း ဆောင်ရွက်ခဲ့ပြီး ပြပွဲနှင့်ဈေးရောင်းပွဲတော်ကာလမှာ ၂၂-၆-၂၀၂၃ မှ ၂၆-၆-၂၀၂၃ ရက်နေ့အထိ စုစုပေါင်း (၅)ရက်ကြာ ပြသရောင်းချရမည်ဖြစ်ပါကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

ရခိုင်ပြည်နယ် အမ်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဦးနေဝင်းအောင်သည် ၂၂-၆-၂၀၂၃ ရက်နေ့တွင် အမ်းမြို့နယ် စပ်စီကျေးရွာ၌ စုစုပေါင်း လူနာ(၆၉)ဦးအား ကွင်းဆင်းဆေးကုသခြင်းနှင့် တိုင်းရင်းဆေးပညာအကြောင်းပညာပေးဟောပြောခဲ့ပါကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုပါ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြိုနယ်တိုင်းရင်းဆေးကုဌာနမှ ငပုတောမြိုနယ် တိုင်းရင်းဆေးကုဌာနမှ ၂၁-၆-၂၀၂၃ ရက်နေ့တွင် အမှတ်(၃)အခြေခံပညာမူလတန်းကျောင်း၌ ကျား(၁၂)ဦး မ(၁၇)ဦး စုစုပေါင်းလူနာ(၂၉)ဦးအား ကွင်းဆင်းဆေးကုသပေးခဲ့ကြောင်းနှင့် မိုးရာသီတွင်ဖြစ်တတ်သော အအေးမိ နှာစေးချောင်းဆိုးအကြောင်း သိကောင်းစရာများကို လူဦးရေ(၄၃) ဦးအား ပညာပေးဟောပြောခဲ့ပါကြောင်း  သိရှိရပါသည်။

ဆက်လက်ဖတ်ရှုပါ

ရန်ကုန်တိုင်းဒေသကြီး ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံ၊ ရန်ကုန်မှ အကြီးတန်းတိုင်းရင်းဆေးမှူး ဒေါ်သန်းသန်းအေး          ဦးဆောင်သော ကွင်းဆင်းဆေးကုသရေးအဖွဲ့သည်  (၂၁.၆.၂၀၂၃)ရက်နေ့တွင် ဗဟန်း မြို့နယ်၊ ဗိုလ်ချို(၂)ရပ်ကွက်အတွင်းရှိ အောင်မြေသုခဘုန်းတော်ကြီး စာသင်ကျောင်း၌ မိုးရာသီတွင် ဖြစ်ပွါးတတ်သောရောဂါများအကြောင်းကို တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးအသိပညာပေးဟောပြောခြင်း နှင့် အခမဲ့ကွင်းဆင်းဆေးကုသခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ရာ လူနာ ကျား (၇၀)ဦး၊ မ(၈၈) စုစုပေါင်း(၁၅၈)ဦးအား တိုင်းရင်းဆေးဖြင့်ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပါကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုပါ

Pages

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း