the republic of the union of myanmar

ministry of health

Department of Traditional Medicine

field trip

ပဲခူးတိုင်းဒေသကြီး အုတ်ဖိုမြို့နယ် တိုင်းရင်း​ဆေးခန်းနှင့်ကြို့ပင်​ကောက်မြို့နယ်တိုင်းရင်း​ဆေးခန်းပူး​ပေါင်း၍ (၁၉-၆-၂၀၂၃)ရက်​နေ့တွင် တိုင်း​ဒေသကြီးဦးစီးဌာနမှုး၏ လမ်းညွှန်မှာကြားချက်ဖြင့် အုတ်ဖိုမြို့နယ် ​အေးမြသာယာမြို့နယ် အုပ်ချုပ်​ရေးမှုးရုံး၌ တိုင်းရင်းဆေးပညာဖြင့် အခမဲ့ကွင်းဆင်း​ဆေးကုသခဲ့ရာ လူနာကျား (၁၅)ဦး၊  မ(၁၅)ဦး စုစု​ပေါင်း လူနာ(၃၀) ဦး လာ​ရောက်ကုသမှုခံယူခဲ့ပါ​ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုပါ

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဆရာ/ဆရာမများသည် ၁၇-၆-၂၀၂၃ ရက်နေ့တွင် ရေကြည်မြို့နယ် ဆီစုံကုန်းကျေးရွာ၌ ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ရာ ကျား (၁၈)ဦး မ (၂၄)ဦးနှင့် စုစုပေါင်း လူနာ (၄၂)ဦး အား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုပါ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဆရာ/ဆရာမများသည် (၁၈-၆-၂၀၂၃)ရက်နေ့တွင်  ဝါးခယ်မမြို့နယ် လှေကျင်းရပ်ကွက်အတွင်း ကျား(၁၈)ဦး၊ မ(၃၉)ဦး စုစုပေါင်း လူနာ (၅၇)ဦး တို့ကို တိုင်းရင်းဆေးပညာြဖင့် ကွင်းဆင်းဆေးကုသခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုပါ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဆရာမများသည် (၂၀-၆-၂၀၂၃) ရက်‌နေ့ အ.လ.က လက်ဆွဲချောင်းရွာမ၌ ဥတုအကြိုက်နေထိုင်လိုက်မှ ကျန်းမာသုခပြည့်စုံကြခေါင်းစဥ်ဖြင့် ပညာပေးဟောပြောခဲ့ပြီး၊ လူကြီး(ကျား)(၁၈)ဦး၊ လူကြီး(မ)(၃၆)ဦး၊ ကလေး(ကျား)(၅၅)ဦး၊ ကလေး(မ)(၇၆)ဦး ဆေးကုသပေးခဲ့ပါကြောင်းနှင့် ပရဆေးပင်အချို့၏ အသုံးပြုပုံများရှင်းလင်းခဲ့ပြီး ပရဆေးပင်အချို့အား လှူဒါန်းခဲ့ပါကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုပါ

Pages

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ
မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆေးဖက်အသုံးဝင်ရှားစောင်းလက်ပတ်ပင်