ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် တိုင်းရင်းဆေးကုဌာနမှ ဆရာ/ဆရာမများသည် ၂၆.၆.၂၀၂၃ရက်နေ့တွင် MSMEs ထုတ်ကုန်ပြပွဲပြခန်းများသို့ လာရောက်လေ့လာကြသော ကျောင်းသား/ကျောင်းသူ(၂၀၀)ဦးအားတိုင်းရင်းဆေးဘက်ဝင်အပင်များအကြောင်းကို ရှင်းလင်းခဲ့ပါကြောင်း သိရှိရသည်။
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့နယ်တိုင်းရင်းဆေးကုဌာနမှ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်ခင်လင်းရွှေသည် (၂၉-၆-၂၀၂၃)ရက်နေ့တွင် အောင်ဓမ္မဗိမာန်ဓမ္မာရုံ၌ ရမ်းဗြဲမြို့နယ်ရှိ ပြည်သူလူထုများအား ကွင်းဆင်းဆေးကုသခဲ့ရာ ကျား (လူကြီး )(၃၈)ဦး၊ မ (လူကြီး )(၁၂၈)ဦး ကျား (ကလေး ) (၃)ဦး၊ မ (ကလေး )(၂)ဦး စုစုပေါင်း (၁၇၁)ဦး အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးကွင်းဆင်းဆေးကုသမှု့ ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဆရာ/ဆရာမများသည် ၁၇-၆-၂၀၂၃ ရက်နေ့တွင် အိမ်ယာကြီးကျေးရွာ၌ ကွင်းဆင်းဆေးကုသရာတွင် ကျား(၁၇)ဦး၊ မ(၁၈)ဦး စုစုပေါင်းလူနာ (၃၅)ဦးအား တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းကုသပေးခဲ့ပါကြောင်းနှင့် ဝမ်းပျက်ဝမ်းလျောရောဂါဆောင်ရန်၊ ရှောင်ရန်များကို လူဦးရေ (၄၂)ဦး အား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးပညာပေးဟောပြောခဲ့ပါကြောင်း သိရှိ ရသည်။
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကျုံပျော်မြို့ နယ် တိုင်းရင်းဆေးကုဌာနမှ ဆရာ/ဆရာမများသည် (၁၉.၆.၂၀၂၃)ရက်နေ့တွင် ကရင်တောကြီးကျေးရွာ၌ ကွင်းဆင်းဆေးကုသဆောင်ရွက်ရာတွင် လူနာ ကျား (၃၅)ဦး၊ မ (၁၉)ဦး စုစုပေါင်း လူနာ (၅၄)ဦး အား တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းဆေးကုသခဲ့ပါကြောင်း သိရသည်။