ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ရွှေတောင်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ လ/ထ တိုင်းရင်းဆေးမှူး ဒေါ်ဇာဇာအောင်သည် ၄-၇-၂၀၂၃ ရက်နေ့တွင် “မိုးရာသီတွင်ဖြစ်ပွါးတတ်သောရောဂါများအကြောင်း” ကို တိုင်းရင်းဆေးပညာဖြင့် အသိပညာပေး Talk Show ပြောကြားခဲ့ကြောင်း သိရှိရသည်။
ပဲခူးတိုင်းဒေသကြီး၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှု့ဖြင့် ပြည်ခရိုင် ပြည်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၄/၇/၂၀၂၃)ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်သိန်းသိန်းဆွေသည် ပြည်မြို့သာဿနာ့ဗိမ္မာန်၌ ကျင်းပပြုလုပ်သော ဓမ္မစကြာနှင့်အနတ္တလက္ခဏာသုတ်ရွတ်ဆိုပူဇော်ပြိုင်ပွဲတွင် Medical Cover ဆောင်ရွက်မှု့ပြုခဲ့ရာလူနာ မ (၁၃) ဦးအား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ကြောင်း သိရှိရပါသည်။
ပဲခူးတိုင်းဒေသကြီး (၁၆)ခုတင်ဆံ့ ဖြူးတိုင်းရင်းဆေးရုံတွင် လူနာများယူလာသောဆေးပင်များစိုက်ပျိုး
Wed , Jul 05 2023 - 10 amပဲခူးတိုင်းဒေသကြီး (၁၆)ခုတင်ဆံ့ ဖြူးတိုင်းရင်းဆေးရုံတွင် ၄-၇-၂၀၂၃ ရက်နေ့တွင် ဆေးရုံသို့ ဆေးကုသမှု ခံယူရန် လာရောက်သည့် လူနာများမှ ယူဆောင်လာသောဆေးပင်များစိုက်ပျိုးကို (၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံ တွင် ဆရာ/ဆရာမများမှ စိုက်ပျိုးခဲ့ပါကြောင်း သိရှိရသည်။
မကွေးတိုင်းဒေသကြီး (၁၆)ခုတင်ဆံ့ ရေနံချောင်းမြို့ တိုင်းရင်းဆေးရုံတွင် မိုးရာသီ သစ်ပင်စိုက်ပျိုး
Wed , Jul 05 2023 - 10 amမကွေးတိုင်းဒေသကြီး (၁၆)ခုတင်ဆံ့ ရေနံချောင်းမြို့ တိုင်းရင်းဆေးရုံမှ ဆရာ/ဆရာမများသည် ၄-၇-၂၀၂၃ ရက်နေ့တွင် မိုးရာသီ သစ်ပင်စိုက်ပျိုးခြင်းအဖြစ် တမာပင်နှင့်စားသုံးသီးနှံပင်များစိုက်ပျိုးခဲ့ကြောင်းသိရှိရသည်။