မကွေးတိုင်းဒေသကြီး မကွေးမြို့ ခုတင်(၅၀)ဆံ့ တိုင်းရင်းဆေးရုံမှ (၁၆-၆-၂၀၂၃)ရက်နေ့ နေ့လယ် (၁၃း၀၀)နာရီ တွင် မကွေးမြို့ ခုတင်(၅၀)ဆံ့ တိုင်းရင်းဆေးရုံမှ ဆရာမများသည် မကွေးမြို့ ဖန်ခါးမြေဘိုးဘွားရိပ်သာသို့ သွားရောက်၍ ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ခဲ့တွင် ကျား(၁)ဦး၊ မ(၁၃)ဦး. စုစုပေါင်း(၁၄)ဦးအား တိုင်းရင်းဆေးဖြင့်ကျန်းမာရေးစောင့်ရှောက်ပေးခဲ့ကြောင်း သိရှိရသည်။
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ် တိုင်းရင်းဆေးတက္ကသိုလ် (မန္တလေး) ဆေးပညာဌာနမှ (၁၆.၆.၂၀၂၃)ရက်နေ့ နေ့လည် (၁၃:၀၀) နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးရုံး၌ တိုင်းရင်းဆေးတက္ကသိုလ် (မန္တလေး) ဆေးပညာဌာနမှ ကထိက ဒေါ်သန္တာစိုးသည် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့်
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့မြို့နယ် (၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံ ဖြူးမြို့မှ ၁၆.၆.၂၀၂၃ ရက်နေ့တွင် ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ဇင်မင်းထွန်းနှင့် ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်တင်နွယ်ဝင်းတို့သည် ဖြူးမြို့မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့တို့နှင့်ပူးပေါင်း၍ ကျောင်းသူ၊ ကျောင်းသား(၄၀)ဦး အား မိုးရာသီတွင်ဖြစ်တတ်သောရောဂါငယ်များအကြောင်းကို တိုင်းရင်းဆေးပညာဖြင့် ဟောပြောဆောင်ရွက်ခဲ့ ပါကြောင်း သိရှိရသည်။
ပဲခူးတိုင်းဒေသကြီး ဖြူး(၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ၁၅-၆-၂၀၂၃ ရက်နေ့တွင် ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ဇင်မင်းထွန်းနှင့် ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်တင်နွယ်ဝင်းတို့သည် ဖြူးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝင်းဝင်းအေးနှင့် ပူးပေါင်း၍ ဖြူးဘိုးဘွားရိပ်သာ၌ အဘိုး (၆) ဦး အဘွား(၂၄) ဦး စုစုပေါင်း(၃၀)ဦးအား တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ပါကြောင်း သိရှိရသည်။