ရှမ်းပြည်နယ် မိုးနဲမြု့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဦးမျိုးသူလွင် ဦးဆောင်သော အဖွဲ့သည် ၁၅-၆-၂၀၂၃ ရက်နေ့တွင် မိုးနဲ့မြို့ လွိုင်မြေရပ်ကွက် ဦးရွှေအောင်ဘုရား၌ လူဦးရေ (၁၀၀)ဦးအား တိုင်းရင်းဆေးပညာအကြောင်းဟောပြောပို့ချခဲ့ပြီး ကျား(၄)ဦး၊ မ (၁၀)ဦး စုစုပေါင်း(၁၄)ဦးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်ခဲ့ပါကြောင်း သိရှိရသည်။
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှုး ဒေါ်ခင်သိန်းဌေးဦး သည် ညောင်လေးပင်မြို့ တောရကြီးကျောင်း စာသင်တိုက်သို့ (၁၅-၆- ၂၀၂၃) ရက်နေ့တွင် စာသင်သား သံဃာ (၄၈) ပါး အား တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းကုသမှု ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၁၄-၆-၂၀၂၃)ရက်နေ့တွင် အမှတ် (၁)ရပ်ကွက်၌ တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းဆေးကုသခဲ့ရာ ကျား(၆)ဦး၊ မ(၂၁)ဦး၊ စုစုပေါင်း လူနာ (၂၇)ဦးအား တိုင်းရင်းဆေးဖြင့် ကွင်းဆင်းဆေးကုသပေးခဲ့ပါကြောင်းနှင့် တုတ်ကွေးရောဂါအကြောင်း ကျန်းမာရေးပညာပေးဟောပြောခဲ့ကြောင်း သိရှိရသည်။
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပေါင်းတည်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ တိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် ပြည်ခရိုင် ပေါင်းတည်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဦးနေဝင်း ဦးဆောင်သောအဖွဲ့သည် (၁၂-၆-၂၀၂၃)မှ(၁၄-၆-၂၀၂၃)ရက်နေ့ထိ ပေါင်းတည်မြို့အတွင်း လမ်းမိုးကုတ် ဓမ္မရိပ်သာ၌ ကွင်းဆင်းဆေးကုသရာ တရားစခန်းဝင်ယောဂီ လူနာ ကျား(၃၂)ဦး မ(၅၆)ဦး စုစုပေါင်း (၈၈)ဦး တို့အား တိုင်းရင်းဆေးပညာဖြင့် အခမဲ့ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ပါကြောင်း သိရှိရသည်။