ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ၁၀-၆-၂၀၂၃ ရက်နေ့တွင် ချောင်းဖျားကျေးရွာ၌ ကွင်းဆင်းဆေးကုသရာတွင် ကျား(၁၈)ဦး မ(၂၂)ဦး စုစုပေါင်း လူနာ (၄၀)ဦးအား တိုင်းရ်ငးဆေးပညာဖြင့် ကွင်းဆင်းကုသပေးခဲ့ပြီး အဆိုပါနေရပ်၌ပင် အစာမကြေလေထိုးလေအောင့် ရောဂါအကြောင်း ကို တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးပညာပေးဟောပြောခဲ့ကြောင်းသိရှိရသည်။
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးခန်းမှူး ဒေါ်ဇာဇာထွန်းသည် ၁၁.၆.၂၀၂၃ ရက်နေ့တွင် သပြေကုန်းဘိုးဘွားရိပ်သာရှိ အဘိုးအဘွား ကျား(၃)ဦး မ(၁၂)ဦး စုစုပေါင်း(၁၅)ဦး တို့အား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်တိုင်ရင်းဆေးကုဌာနမှ ၁၁-၆-၂၀၂၃ ရက်နေ့တွင် ဖြူးမြို့နယ်တိုင်းရင်းဆေးမှူးဒေါ်ဝင်းဝင်းအေးနှင့် ဖြူး( ၁၆ )ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ဇင်မင်းထွန်း၊ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်တင်နွယ်ဝင်းနှင့် အကြီးတန်းစာရေး ဒေါ်မြစန်းအေးတို့သည် မိုးကုတ် ဝိပတ်သနာတရားစခန်း၌ ကွင်းဆင်းဆေးကုသခဲ့ရာ ကျား(၁၇)ဦး မ(၂၆)ဦး စုစုပေါင်း(၄၃)ဦးအား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ကြောင်း သိရှိရသည်။
ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဉီးစီးဌာန ၁၁-၆-၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် သနပ်ပင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ခင်ခင်မြင့်သည် အောင်ချမ်းသာဘုန်းကြီးကျောင်း၌ သံဃာအပါး(၂၀)ကို တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေး စောင့်ရှောက်မှု ပေးခဲ့ကြောင်းသိရသည်။