the republic of the union of myanmar

ministry of health

Department of Traditional Medicine

field trip

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်ခရိုင် ကျောက်တန်းမြို့နယ် တိုင်းရင်းဆေးကုဌာမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်သူဇာလွင် ဦးဆောင်သော ကွင်းဆင်းအဖွဲ့သည် (၁၇.၃.၂၀၂၃) ရက်နေ့ နေ့လည်၁၂း၀၀နာရီ မှ ညနေ၃း၀၀နာရီ အချိန်ထိ မြို့ဦးပရိယတ္တိစာသင်တိုက်တွင် သံဃာတော်(၅၀)ပါးအား နွေရာသီတွင်ဖြစ်တက်သောရောဂါများနှင့် ဆောင်ရန်ရှောင်ရန်များအကြောင်းကျန်းမာရေးအသိပညာပေးဟောပြောခြင်း တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ လက်ကမ်းစာစောင်များ ဝေခြင်းတို့ပြုလုပ်ခဲ့ပြီး သံဃာတော်(၄၆)ပါးအား တိုင်းရင်းဆေးဝါးများဖြင့် အခမဲ့ ကွင်းဆင်းဆေးကုသမှုပေးခဲ့ပါသည်

ဆက်လက်ဖတ်ရှုပါ

ရခိုင်ပြည်နယ် ကျောက်တော်မြို့ ၁၆ ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဦးဗိုလ်စံသိန်း ဒုတိယ တိုင်းရင်းဆေးမှူးနှင့် အဖွဲ့သည် (၁၈-၃-၂၀၂၃)ရက်နေ့တွင် ပိနဲချောင်းကျေးရွာရှိ ပြည်သူလူထု ကျား(လူကြီး -၁၂)ဦး၊ မ(၃၅)ဦး (ကျား-ကလေး-၄)ဦး လူနာစုစုပေါင်း(၅၁)ဦး တို့အား တိုင်းရင်းဆေးဖြင့် ကွင်းဆင်းဆေးကုသခြင်းပညာပေး ဟောပြောခြင်းတို့အား ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်ရှုပါ

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်၀င်း၀င်းမြိုင်သည် (၂၁-၃-၂၀၂၃) ရက်နေ့တွင် ဓမဝိဇယဗိမာန်တော်ကြီး၌ကျင်းပသော ပါဠိပထမပြန်နှင့် ဓမမစရိယဖြေဆိုသည့် သံဃာတော် အပါး (၂၀) အား တိုင်းရင်းဆေးပညာဖြင့် ကွင်ဆင်းဆေးကုသမှူ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်ရှုပါ

မွန်ပြည်နယ်နေ့ တိုင်းရင်းဆေးပညာဦးစီးဌာနပြခန်းအား (၁၇-၃-၂၀၂၃)ရက်နေ့မှ  (၁၉-၃-၂၀၂၃)ရက်နေ့ထိ မော်လမြိုင်မြို့ ကမ်းနားလမ်းရေပေါ်ကွင်း၌ မွန်ပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ခင်းကျင်းပြသခဲ့ပါသည်။

ဆက်လက်ဖတ်ရှုပါ

Pages

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ