ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်တိုင်းရင်းဆေးကုဌာနမှ ၃၀-၅-၂၀၂၃ ရက်နေ့တွင် ဖျာပုံခရိုင်စားသုံးသူရေးရာ ဦးစီးဌာနမှ ဦးစီးကျင်းပသော တရားမဝင်ဆေးဝါးများ ရောင်းချခြင်းမပြုရေး အသိပညာပေးဆွေးနွေးဟောပြောပွဲ၌ ဖျာပုံမြို့ပေါ်ရှိ ဆေးဝါးအရောင်းဆိုင်ပိုင်ရှင်နှင့် ကိုယ်စားလှယ်(၂၈)ဦးတို့အား တိုင်းရင်းဆေးဝါး ဝယ်ယူသုံးစွဲသူများ သိကောင်းစရာအချက်များအကြောင်း ဟောပြောခြင်း၊ လက်ကမ်းစာစောင်များပေးဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်တိုင်းရင်းဆေးကုဌာနမှ ဆရာ/ဆရာမများသည် ၂၉-၅-၂၀၂၃ ရက်နေ့တွင် ဖျာပုံမြို့ အမှတ်(၄)ရပ်ကွက်၊ မင်းကျောင်းတရားရိပ်သာ၌ ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ရာ လူနာကျား(၉) ဦး ၊မ(၃၁)ဦး စုစုပေါင်း(၄၀)ဦးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့ပါကြောင်း သိရှိရ သည်။
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှုး ဒေါ်ကေသီအောင်သည် ၃-၄-၂၀၂၃ ရက်နေ့တွင် အောင်မြေသစ်ကျေးရွာ၌ ကွင်းဆင်းဆေးကုသပေးရာ ကျား(၂၃)ဦး၊ မ(၆၃)ဦး၊ စုစုပေါင်း (၈၆)ဦး အား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေးခဲ့ပါကြောင်း သိရှိရ ပါသည်။
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ရွှေတောင်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၂၈.၃.၂၀၂၃) ရက်နေ့မှ (၃.၄.၂၀၂၃) ရက်နေ့အထိ သာဿနာ့ဗိမ္မာန်၌ ကျင်းပပြုလုပ်သော ပါဠိပထမပြန် (ကြီး လတ် ငယ် မူ )စာမေးပွဲတွင် တိုင်းရင်းဆေးပညာဖြင့် ဆေးကုသမှု ပေးခဲ့ကြောင်း သိရှိရပါသည်။