ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးခန်းမှူး ဒေါ်ဇာဇာထွန်းသည် ၁၁.၆.၂၀၂၃ ရက်နေ့တွင် သပြေကုန်းဘိုးဘွားရိပ်သာရှိ အဘိုးအဘွား ကျား(၃)ဦး မ(၁၂)ဦး စုစုပေါင်း(၁၅)ဦး တို့အား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်တိုင်ရင်းဆေးကုဌာနမှ ၁၁-၆-၂၀၂၃ ရက်နေ့တွင် ဖြူးမြို့နယ်တိုင်းရင်းဆေးမှူးဒေါ်ဝင်းဝင်းအေးနှင့် ဖြူး( ၁၆ )ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ဇင်မင်းထွန်း၊ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်တင်နွယ်ဝင်းနှင့် အကြီးတန်းစာရေး ဒေါ်မြစန်းအေးတို့သည် မိုးကုတ် ဝိပတ်သနာတရားစခန်း၌ ကွင်းဆင်းဆေးကုသခဲ့ရာ ကျား(၁၇)ဦး မ(၂၆)ဦး စုစုပေါင်း(၄၃)ဦးအား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ကြောင်း သိရှိရသည်။
ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဉီးစီးဌာန ၁၁-၆-၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် သနပ်ပင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ခင်ခင်မြင့်သည် အောင်ချမ်းသာဘုန်းကြီးကျောင်း၌ သံဃာအပါး(၂၀)ကို တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေး စောင့်ရှောက်မှု ပေးခဲ့ကြောင်းသိရသည်။
ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန၏လမ်းညွှန်မှု့ဖြင့် ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် တိုင်းရင်းဆေးပညာဦးစီးဌာနမှ ခရိုင်ဦးစီးဌာနမှူး ဒေါ်ခိုင်ဝါဝါအောင်သည် ၉-၆-၂၀၂၃ ရက်နေ့တွင် ပြည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ မိုးရာသီတွင် ဖြစ်ပွားတတ်သော ရောဂါများ အကြောင်းကို အသိပညာပေး Talk Show ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။