the republic of the union of myanmar

ministry of health

Department of Traditional Medicine

field trip

ပဲခူးတိုင်းဒေသကြီး ဖြူး(၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ၁၅-၆-၂၀၂၃ ရက်နေ့တွင် ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ဇင်မင်းထွန်းနှင့် ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်တင်နွယ်ဝင်းတို့သည် ဖြူးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝင်းဝင်းအေးနှင့် ပူးပေါင်း၍ ဖြူးဘိုးဘွားရိပ်သာ၌ အဘိုး (၆) ဦး အဘွား(၂၄) ဦး စုစုပေါင်း(၃၀)ဦးအား တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ပါကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုပါ

ရှမ်းပြည်နယ် မိုးနဲမြု့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဦးမျိုးသူလွင် ဦးဆောင်သော အဖွဲ့သည် ၁၅-၆-၂၀၂၃ ရက်နေ့တွင် မိုးနဲ့မြို့ လွိုင်မြေရပ်ကွက် ဦးရွှေအောင်ဘုရား၌ လူဦးရေ (၁၀၀)ဦးအား တိုင်းရင်းဆေးပညာအကြောင်းဟောပြောပို့ချခဲ့ပြီး ကျား(၄)ဦး၊ မ (၁၀)ဦး စုစုပေါင်း(၁၄)ဦးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်ခဲ့ပါကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုပါ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှုး ဒေါ်ခင်သိန်းဌေးဦး သည် ညောင်လေးပင်မြို့ တောရကြီးကျောင်း စာသင်တိုက်သို့  (၁၅-၆- ၂၀၂၃) ရက်နေ့တွင် စာသင်သား သံဃာ  (၄၈) ပါး အား တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းကုသမှု ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုပါ

ဧရာဝတီတိုင်း​ဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုက​လေးမြို့နယ် တိုင်းရင်း​ဆေးကုဌာနမှ (၁၄-၆-၂၀၂၃)ရက်​နေ့တွင်  အမှတ် (၁)ရပ်ကွက်၌ တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်း​ဆေးကုသခဲ့ရာ ကျား(၆)ဦး၊ မ(၂၁)ဦး၊ စုစု​ပေါင်း လူနာ (၂၇)ဦးအား တိုင်းရင်းဆေးဖြင့် ကွင်းဆင်း​ဆေးကုသ​ပေးခဲ့ပါကြောင်းနှင့် တုတ်​ကွေးရောဂါအ​ကြောင်း ကျန်းမာ​ရေးပညာ​ပေး​ဟော​ပြောခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုပါ

Pages

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း