ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဆရာ/ဆရာမများသည် ၁၄-၆-၂၀၂၃ ရက်နေ့တွင် ဇီးကုန်းမြို့နယ် မြို့နယ်တိုင်းရင်းဆေးမှူး ဦးအောင်ညိုသည် ဇီးကုန်းမြို့ရှိ ဘုရားကြီးရိပ်သာ၌ ယောဂီများအား ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ရာ ကျား(၄)ဦးနှင့် မ (၁၉) ဦး စုစုပေါင်း (၂၃) ဦးအား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင်ရွက်မှုပေးခဲ့ပါကြောင်း သိရှိရသည်။
ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် မြစ်ကြီးနားမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် မြစ်ကြီးနားမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်လဲ့လဲ့ဖြူ ဦးဆောင်သော ကွင်းဆင်းအဖွဲ့သည် (၁၃.၆.၂၀၂၃) ရက်နေ့ အဂ်ါနေ့ နံနက် ၉း၀၀ နာရီမှ ညနေ ၃း၀၀ နာရီ အချိန်ထိ မန်ခိန် ဝိသုတာရုံကျောင်းတိုက် ဘုန်းတော်ကြီးသင်ပညာရေး(မူလတန်း)ကျောင်း၌ ဆရာ/ဆရာမနှင့်ကျောင်းသား/သူ စုစုပေါင်း (၁၅၀) ဦးအား "တစ်ကိုယ်ရည်သန့်ရှင်းရောဂါကင်း" အကြောင်း ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းနှင့်အတူ လူကြီး(ကျား) (၂)ဦးI လူကြီး(မ) (၅)ဦး ကလေး(ကျား)(၇၅) ဦးl ကလေး(မ)(၅၂) ဦး စုစုပေါင်း (၁၃၄)ဦး တို့အား တိုင်းရင်းဆေးဖြင့် အခမဲ့ကွင်းဆင်း ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ကြောင်းသိရှိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ၁၂-၆-၂၀၂၃ ရက်နေ့တွင် မြန်အောင်မြို့ အမှတ် (၂)ရပ်ကွက်၊ လေးမျက်နှာမဟာစည်ကျောင်းတိုက်၌ ကွင်းဆင်းဆေးကုသခဲ့ရာတွင် ကျား(၄)ဦး၊ မ(၄၁)ဦး စုစုပေါင်းလူနာ (၄၅)ဦး အား တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းကုသပေးခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့ ( ၁၆ ) ခုတင်ဆံတိုင်းရင်းဆေးရုံမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ဆွေဇင်ဖြိုး၊ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ဇင်ဇာလီထက်၊ အငယ်တန်းစာရေး ( ၃ )ဦးတို့သည် (၁၃.၆ .၂၀၂၃)ရက်နေ့တွင် ရွှေကြို့မြေဘိုးဘွားရိပ်သာ၌ အခမဲ့ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ရာတွင် လူနာဦးရေ ကျား ( ၁၄ )ဦး ၊ မ ( ၁၅ )ဦး စုစုပေါင်း ( ၂၉ )ဦးတို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေး စောင့်ရှောက်မှု ပေးခဲ့ကြောင်း သိရသည်။