ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့ (၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ခင်စန်းလှိူင်၊ လ/ထတိုင်းရင်းဆေးမှူး ဒေါ်ခင်မျိုးဆွေနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဒုတိုင်းရင်းဆေးမှူး ဒေါ်မေနှင်း တို့ပူးပေါင်း၍ ၁၃-၆-၂၀၂၃ ရက်နေ့တွင် ရေတာရှည်မြို့ နဂျယ်ကျောင်းတိုက်၌ ဆရာတော်သံဃာတော်အရှင်သူမြတ် (၂၀) ပါး အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မူပေးခဲ့ကြောင်း သိရှိရပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဆရာ/ဆရာမများသည် (၁၃.၆.၂၀၂၃) ရက်နေ့တွင် အင်္ဂပူမြို့နယ် ဘိုးဘွားရိပ်သာ၌ ကွင်းဆင်းဆေးကုသဆောင်ရွက်ရာ ကျား(၄)ဦး ၊ မ(၁၁)ဦး ၊ စုစုပေါင်း လူနာ (၁၅)ဦးအား တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းကုသပေးခဲ့ကြောင်း သိရှိရသည်။
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်နှင့်(၂၅)ခုတင်ဆံ့ တိုင်းရင်းဆေးရုံတို့မှ ဆရာ/ဆရာမများသည် ၁၂-၆-၂၀၂၃ ရက်နေ့တွင် မြိတ်ဘိုးဘွားရိပ်သာ၌ အဘိုး/အဘွားများအား တိုင်းရင်းဆေးများဖြင့် အခမဲ့ကွင်းဆင်း ဆေးကုသပေးခဲ့ကြောင်းသိရှိရပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ၁၀-၆-၂၀၂၃ ရက်နေ့တွင် ချောင်းဖျားကျေးရွာ၌ ကွင်းဆင်းဆေးကုသရာတွင် ကျား(၁၈)ဦး မ(၂၂)ဦး စုစုပေါင်း လူနာ (၄၀)ဦးအား တိုင်းရ်ငးဆေးပညာဖြင့် ကွင်းဆင်းကုသပေးခဲ့ပြီး အဆိုပါနေရပ်၌ပင် အစာမကြေလေထိုးလေအောင့် ရောဂါအကြောင်း ကို တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးပညာပေးဟောပြောခဲ့ကြောင်းသိရှိရသည်။