ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဦးတင်ဖြိုးအောင် ဦးဆောင်သော ကွင်းဆင်းအဖွဲ့သည်( ၆ - ၆ -၂ဝ၂၃ )ရက်နေ့ အဂ်ါနေ့၊ နေ့လယ် (၁ဝးဝဝ) နာရီ မှ (၀၁းဝဝ) နာရီအထိ ၊ ပျော်ဘွယ်ကြီး စံပြကျေးရွာ၊ လယ်တီမူ - အနာဂါမ် ဆရာသက်ကြီး ၊ ကမ္မဌာန်းရိပ်သာ၌ သံဃာတော်များနှင့် တရားစခန်းဝင် ယောဂီ လူကြီး( ကျား ) - ၁၁ ဦး ၊ လူကြီး( မ ) - ၉ ဦး ၊ စုစုပေါင်း ( ၂ဝ ) ဦး တို့အား တိုင်းရင်းဆေးဖြင့် အခမဲ့ ကျန်းမာရေး စောင့်ရှောက်ပေးခဲ့ကြောင်း သိရှိရပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်တိုင်းရင်းဆေးကုဌာနမှ ၃၀-၅-၂၀၂၃ ရက်နေ့တွင် ဖျာပုံခရိုင်စားသုံးသူရေးရာ ဦးစီးဌာနမှ ဦးစီးကျင်းပသော တရားမဝင်ဆေးဝါးများ ရောင်းချခြင်းမပြုရေး အသိပညာပေးဆွေးနွေးဟောပြောပွဲ၌ ဖျာပုံမြို့ပေါ်ရှိ ဆေးဝါးအရောင်းဆိုင်ပိုင်ရှင်နှင့် ကိုယ်စားလှယ်(၂၈)ဦးတို့အား တိုင်းရင်းဆေးဝါး ဝယ်ယူသုံးစွဲသူများ သိကောင်းစရာအချက်များအကြောင်း ဟောပြောခြင်း၊ လက်ကမ်းစာစောင်များပေးဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်တိုင်းရင်းဆေးကုဌာနမှ ဆရာ/ဆရာမများသည် ၂၉-၅-၂၀၂၃ ရက်နေ့တွင် ဖျာပုံမြို့ အမှတ်(၄)ရပ်ကွက်၊ မင်းကျောင်းတရားရိပ်သာ၌ ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ရာ လူနာကျား(၉) ဦး ၊မ(၃၁)ဦး စုစုပေါင်း(၄၀)ဦးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့ပါကြောင်း သိရှိရ သည်။
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှုး ဒေါ်ကေသီအောင်သည် ၃-၄-၂၀၂၃ ရက်နေ့တွင် အောင်မြေသစ်ကျေးရွာ၌ ကွင်းဆင်းဆေးကုသပေးရာ ကျား(၂၃)ဦး၊ မ(၆၃)ဦး၊ စုစုပေါင်း (၈၆)ဦး အား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေးခဲ့ပါကြောင်း သိရှိရ ပါသည်။