ရှမ်းပြည်အရှေ့ပိုင်း ၊တာချီလိတ်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးပညာဖြင့်ပညာပေး ဟောပြောခြင်း
Thu , Mar 23 2023 - 06 amကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဉီးစီးဌာန၏ စီစဉ်ညွှန်ကြားမှုဖြင့် ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ် မြို့နယ်တိုင်းရင်းဆေးကုဌာနမှဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်အိအိမွန် သည် (၁၂.၃.၂၀၂၃) ရက်နေ့တွင် နမ့်လွတ်ကျေးရွာ၊ မိုင်းဖုန်းအုပ်စု၌ တိုင်းရင်းဆေးပညာပေးဟောပြောခြင်း၊ (၁၃.၃.၂၀၂၃) ရက်နေ့တွင် လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်စုစန္ဒာထွန်းနွဲ့သည် မယ်ယန်းကျေးရွာ၊ မိုင်းကိုးအုပ်စုနှင့် ပန်ဟတ်ကျေးရွာများ၌ တိုင်းရင်းဆေးပညာပေးဟောပြောခြင်းဆောင်ရွက်ခဲ့ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဉီးစီးဌာန၏ စီစဉ်ညွှန်ကြားမှုဖြင့် ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ် (၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံမှ ဆရာ/ဆရာမများသည် ၁၈.၃.၂၀၂၃ ရက်နေ့တွင် ပညာ့မြဂ့်ဇူဘုန်းကြီးကျောင်း၌ ကွင်းဆင်းဆေးကုသမှုပေးရာတွင် ကိုရင် (၃၁)ပါး ကျန်းမာရေး စောင့်ရှောက်ပေးခဲ့ပြီး တစ်ကိုယ်ရေသန့်ရှင်းရေးအကြောင်းဟောပြောခဲ့ပြီး တက်ရောက်သူဦးရေ စုစုပေါင်း (၄၀)ဦး ရှိပါကြောင်း သိရှိရပါသည်။
ကရင်ပြည်နယ် ဘားအံမြို့နယ် တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းဆေးကုသခြင်း
Tue , Mar 21 2023 - 07 amကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဉီးစီးဌာန၏ စီစဉ်ညွှန်ကြားမှုဖြင့် ကရင်ပြည်နယ် ဘားအံမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ကရင်ပြည်နယ် ဘားအံမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေူမှူး ဒေါ်ဌေးဌေးနွယ် သည် ၁၈.၃.၂၀၂၃ ရက်နေ့တွင် စစ်ကြောင်းကြီး(၅)ကြောင်းနှင့်လိုက်ပါ၍ နောင်လုံအရှေ့မြ ပြည်ကျေးရွာတွင် ကွင်းဆင်းဆေးကုသမှုများဆောင်ရွက်ခဲ့ရာတွင် လူနာ ကျား(၁၂) ဦး၊ မ (၂၃) ဦး စုစုပေါင်း (၃၅) ဦး အား တိုင်းရင်းဆေးပညာဖြင့် ဆေးကုသမှုပေးခဲ့ပါကြောင်း သိရှိရပါသည်။
ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဉီးစီးဌာန၏ စီစဉ်ညွှန်ကြားမှုဖြင့် ကျိုင်းတုံမြို့နယ် တိုင်းရင်းဆေးကု ဌာန၊ ခရိုင်တိုင်းရင်းဆေးကုဌာနနှင့် တိုင်းရင်းဆေးရုံတို့ပူးပေါင်း၍ ၁၈-၃-၂၀၂၃ ရက်နေ့တွင် ရှမ်းပြည်နယ် ကျိုင်းတုံမြို့ ကျိုင်းတုံဘိုးဘွားရိပ်သာ၌ ဘိုးဘွား (၂၀) ဦးအား တိုင်းရင်းဆေးပညာဖြင့် အခမဲ့ကွင်းဆင်း ဆေးကုသပေးခဲ့ပါကြောင်း သိရှိရပါသည်။