the republic of the union of myanmar

ministry of health

Department of Traditional Medicine

field trip

ရခိုင်ပြည်နယ် တိုင်းရင်းဆေးပညာဦးစီးဌာန ပုဏ္ဏားကျွန်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး သည် လက်ဝဲစာတိုက်ကျေးရွာရှိ ပြည်သူလူထု (၁၉၁)ဦးအား တိုင်းရင်း​​ဆေးဖြင့် ဝမ်းလျှော ဝမ်းပျက်ရောဂါ ကြိုတင်ကာကွယ်ရေး ပညာပေးဟောပြောခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုပါ

ရခိုင်ပြည်နယ် တိုင်းရင်းဆေးပညာဦးစီးဌာန တောင်ကုတ်မြို.နယ် တိုင်းရင်းဆေးကုဌာနမှ မြို.နယ်တိုင်းရင်းဆေးမှုူး ဒေါ်ဝင်းဝင်းမြိုင်သည် ၁၃.၇.၂၃ ရက်နေ.တွင် တောင်ကုတ်မြို.နယ် ကျောက်မောင်နှမ ရွာ၌ ကျား-လူကြီး(၃၈)ဦး၊ ကျား-လူငယ်(၁)ဦး၊ မ-လူကြီး(၅၄)ဦး၊  မ-လူငယ်(၂)ဦး၊ စုစုပေါင်း(၉၅)ဦးအား တိုင်းရင်းဆေးဖြင့်ကွင်းဆင်းကုသပေးခဲ့ပါကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုပါ

ဧရာဝတီတိုင်း​ဒေသကြီး၊ ​(၁၆)ခုတင်ဆံ့ တိုင်းရင်း​ဆေးရုံ၊​ မော်လမြိုင်ကျွန်းမြို့မှ ဆရာ/ဆရာမများသည်  ၁၂-၇-၂၀၂၃ ရက်​နေ့တွင် ဘိုးဘွား / ရိပ်သာသို့ ကွင်းဆင်း​ဆေးကုသမှုဆောင်ရွက်ခဲ့ရာတွင် လူနာ ကျား(၅)ဦး၊ မ(၉)ဦး၊ စုစု​​ပေါင်းလူနာ (၁၄) ဦးအား တိုင်းရင်းဆေးပညာဖြင့် ​ကွင်းဆင်းဆေးကုသခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုပါ

ဧရာဝတီတိုင်း​ဒေသကြီး၊ ဖျာပုံခရိုင်၊ ​ကျိုက်လတ်မြို့နယ် တိုင်းရင်း​ဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဦးစိုးလင်းသည် ​(၁၂.၇.၂၀၂၃) ရက်​နေ့တွင် ​ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ အ.ထ.က(၃) ကျိုက်လတ်မြို့၌ ကျောင်းကျန်းမာရေးပညာပေးကွင်းဆင်း​ခဲ့ရာတွင်ကျား(၂၀) ဦး ၊မ( ၃၉) ဦး စုစု​ပေါင်းလူနာ  (၅၉ဦး) အား ကွင်း​ဆင်း​ဆေး​ကုသ​ပေးခဲ့ပြီး ကျန်းမာခြင်းသည် လာဘ်တပါးခေါင်းစဉ်ဖြင့် ကျောင်းသား/ ကျောင်းသူ(၂၀၀)ဦးနှင့် ဆရာ/ဆရာမ(၃၃)ဦး စုစုပေါင်း(၂၃၃)ဦးအား ကျန်းမာ​ရေးအသိပညာ​ပေး​ဟော​ပြောခဲ့ ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုပါ

Pages

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း