ရခိုင်ပြည်နယ် တိုင်းရင်းဆေးပညာဦးစီးဌာန တောင်ကုတ်မြို.နယ် တိုင်းရင်းဆေးကုဌာနမှ မြို.နယ်တိုင်းရင်းဆေးမှုူး ဒေါ်ဝင်းဝင်းမြိုင်သည် ၁၃.၇.၂၃ ရက်နေ.တွင် တောင်ကုတ်မြို.နယ် ကျောက်မောင်နှမ ရွာ၌ ကျား-လူကြီး(၃၈)ဦး၊ ကျား-လူငယ်(၁)ဦး၊ မ-လူကြီး(၅၄)ဦး၊ မ-လူငယ်(၂)ဦး၊ စုစုပေါင်း(၉၅)ဦးအား တိုင်းရင်းဆေးဖြင့်ကွင်းဆင်းကုသပေးခဲ့ပါကြောင်း သိရှိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ (၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံ၊ မော်လမြိုင်ကျွန်းမြို့မှ ဆရာ/ဆရာမများသည် ၁၂-၇-၂၀၂၃ ရက်နေ့တွင် ဘိုးဘွား / ရိပ်သာသို့ ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ရာတွင် လူနာ ကျား(၅)ဦး၊ မ(၉)ဦး၊ စုစုပေါင်းလူနာ (၁၄) ဦးအား တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းဆေးကုသခဲ့ကြောင်း သိရှိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဦးစိုးလင်းသည် (၁၂.၇.၂၀၂၃) ရက်နေ့တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ အ.ထ.က(၃) ကျိုက်လတ်မြို့၌ ကျောင်းကျန်းမာရေးပညာပေးကွင်းဆင်းခဲ့ရာတွင်ကျား(၂၀) ဦး ၊မ( ၃၉) ဦး စုစုပေါင်းလူနာ (၅၉ဦး) အား ကွင်းဆင်းဆေးကုသပေးခဲ့ပြီး ကျန်းမာခြင်းသည် လာဘ်တပါးခေါင်းစဉ်ဖြင့် ကျောင်းသား/ ကျောင်းသူ(၂၀၀)ဦးနှင့် ဆရာ/ဆရာမ(၃၃)ဦး စုစုပေါင်း(၂၃၃)ဦးအား ကျန်းမာရေးအသိပညာပေးဟောပြောခဲ့ ကြောင်း သိရှိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၁၂.၇.၂၀၂၃) ရက်နေ့တွင် အမှတ်(၁)ရပ်ကွက်၌ ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ရာ ကျား(၁၀)ဦး၊ မ(၄၅)ဦး စုစုပေါင်းလူနာ(၅၅)ဦး အား ကွင်းဆင်းကုသပေးခဲ့ပြီး အဖျားရောဂါအကြောင်းကို လူဦးရေ (၂၀)ဦးအား ကျန်းမာရေးပညာပေးဟောပြောခဲ့ကြောင်းသိရှိရသည်။