မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်း ဆေးမှူး ဒေါ်စုစုဝင်းနှင့် ကျောက်ဆည်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ဆွေဆွေမြင့်တို့ ဦးဆောင်သော အဖွဲ့သည် ၈-၇-၂၀၂၃ ရက်နေ့တွင် ကျောက်ဆည်မြို့နယ်ပဲခင်းရွာ၌ ကွင်းဆင်းဆေးကုသခဲ့ရာ ကျား-(၂၅)ဦး၊ မ-(၄၂)ဦးတို့အား အခမဲ့ဆေးကုသမှုပေးခဲ့ပြီး ကျေးရွာသူ/ကျေးရွာသား(၈၀)ဦးအား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးအသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။