ပဲခူးတိုင်းဒေသကြီး၊ တိုင်းရင်းဆေးပညာဦးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူး၏လမ်းညွှန်မှု့ဖြင့် သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဦးသက်လုံဦး၊ အုတ်ဖိုမြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါငြိမ်းငြိမ်းစိုးနှင့်အတူပူးပေါင်း၍ (၂၅.၇.၂၀၂၃)ရက်နေ့တွင် ကြို့ပင်ကောက်မြို့နယ် ဗောဓိရိပ်သာကျောင်းတိုက်၌ ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ရာတွင် အမျိုးသား(၁၅)ဦးနှင့် အမျိုးသမီး(၁၅)ဦး စုစုပေါင်း (၃၀)ဦးအား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှု့ပေးခဲ့ကြောင်း သိရှိရပါသည်။
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်အေးအေးစမ်းသည် ၂၅-၇- ၂၀၂၃ရက်နေ့တွင် ဌာနဆိုင်ရာများစုပေါင်း၍ ကွင်းဆင်းဆောင်ရွက်ရာတွင် ပုဏ္ဏားကျွန်းမြို့နယ် မင်းကန်ကျေးရွာ၌ ပြည်သူများအား (၁၁၇) ဦး နှင့်တန်းစွယ်ကျေးရွာ၌ပြည်သူလူထု (၁၂၈) ဦး ၊စုစုပေါင်း (၂၄၅) ဦး တို့ကို ဝမ်းလျှောဝမ်းပျက်ရောဂါခေါင်းစဥ်နှင့် တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးအသိပညာပေးဟောပြော ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် တိုင်းရင်းဆေးကုဌာနမှ ဆရာ/ဆရာမများသည် ၂၂-၇-၂၀၂၃ ရက်နေ့တွင် ထားဝယ်မြို့ လေးထပ်ကျောင်း(လူငယ်ပရဟိတ)၌ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်မော်မော်ဝေ မှ ဦးဆောင်၍ လူငယ်(၄၀)ဦးအား ကျန်းမာရေးအတွက်အသိပညာပေးဟောပြောပြီး တိုင်းရင်းဆေးဖြင့် အခမဲ့ကွင်းဆင်း ဆေးကုသမှုများ ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဆရာ/ဆရာမများသည် ၁၆-၇-၂၀၂၃ ရက်နေ့တွင် ကြာကန်ကျေးရွာ၌ ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ရာ ကျား (၁၂)ဦး၊ မ (၂၀)ဦးနှင့် လူနာစုစုပေါင်း (၃၂)ဦးအား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပါကြောင်း သိရှိရသည်။