the republic of the union of myanmar

ministry of health

Department of Traditional Medicine

field trip

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဦးသိန်းဌေးအောင်သည် ၂၉-၇-၂၀၂၃ ရက်နေ့တွင် ဌာနဆိုင်ရာများနှင့်ကွင်းဆင်းဆောင်ရွက်ရာတွင်  စစ်တွေ မြို့နယ် ဆေးသမား ကျေးရွာ၌ တိုင်းရင်းဆေး ပညာပေးဟောပြောခဲ့ရာ ဒေသခံပြည်သူ ( ၁၀၀) ဦး ခန့် အား တိုင်းရင်းဆေးဖြင့် ဆေးကုသမှုပေးခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုပါ

ရန်ကုန်တိုင်းဒေသကြီး၊အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်အေးချမ်းမိုး ဦးဆောင်သော အဖွဲ့သည် ၂၈-၇-၂၀၂၃ ရက်နေ့ (သောကြာနေ့) နေ့လယ် ၀၁:၀၀အချိန်တွင် ဗိုလ်တထောင်မြို့နယ်၊(၁၀)ရပ်ကွက်၊ပညာရာမိကမဟာ(A)ကျောင်း၌ သံဃာတော်အပါး(၃၀)ခန့်အား တိုင်းရင်းဆေးပညာအမြင်ဖြင့် သွေးတိုးရောဂါအကြောင်း ကျန်းမာရေးအသိပညာပေး ဟောပြောခဲ့ပြီးရဟန်းရှင်သံဃာတော်အပါး၂၀ ခန့်အား တိုင်းရင်းဆေးပညာဖြင့် အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုပါ

ပဲခူးတိုင်းဒေသကြီး၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝင့်ရည်လှိုင်၊  ဇီးကုန်းမြို့နယ် တိုင်းရင်းဆေကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဦးအောင်ညို၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဦးသက်လုံဦး၊ အုတ်ဖိုမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါငြိမ်းငြိမ်းစိုးတို့မှ မြိုနယ်(၄)မြို့နယ်ပူးပေါင်း၍ (၂၇-၇-၂၀၂၃)ရက်နေ့တွင် နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် ဘွက်တောအုပ်စု ဘိုးသာအောင် ကုန်းတံတား အနီး စက်ရုံရှမ်းကျောင်း၌ ကွင်းဆင်းဆေးကုသမှု့ဆောင်ရွက်ရာ ယောဂီအမျိုးသား(၁၈)ဦးနှင့်ယော ဂီအမျိုးသမီး (၄၀)ဦး စုစုပေါင်း(၅၈)ဦးတို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုပါ

ပဲခူးတိုင်း​ဒေသကြီး၊ တိုင်းရင်း​ဆေးပညာဦးစီးဌာန၊ တိုင်း​ဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် တိုင်းရင်း​ဆေးကုဌာနမှ မြို့နယ်တိုင်းရင်း​ဆေးမှူး ​ဒေါ်ဝင့်ရည်လှိုင်၊  ဇီးကုန်းမြို့နယ် တိုင်းရင်း​ဆေကုဌာနမှ မြို့နယ်တိုင်းရင်း​ဆေးမှူး ဦး​အောင်ညို၊ သာယာဝတီခရိုင်၊ ကြို့ပင်​ကောက်မြို့နယ် တိုင်းရင်း​ဆေးကုဌာနမှ မြို့နယ်တိုင်းရင်း​ဆေးမှူး ဦးသက်လုံဦး၊ အုတ်ဖိုမြို့နယ် တိုင်းရင်း​ဆေးကုဌာနမှ မြို့နယ်တိုင်းရင်း​ဆေးမှူး ​ဒေါငြိမ်းငြိမ်းစိုးတို့မှ (၂၇.၇,၂၀၂၃)ရက်​နေ့တွင် မြိုနယ်(၄)မြို့နယ်ပူး​ပေါင်း၍ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် ဘွက်​တောအုပ်စု ဘိုးသာ​အောင်ကုန်းတံတားအနီးစက်ရုံရှမ်း​ကျောင်း၌ ကွင်းဆင်း​ဆေးကုသမှု့​ဆောင်ရွက်ရာ ​ယောဂီအမျိုးသား(၁၈)ဦးနှင့်​ယော ဂီအမျိုးသမီး(၄၀)ဦး စုစု​ပေါင်း(၅၈)ဦးတို့အား တိုင်းရင်း​ဆေးဖြင့် ကျန်းမာ​ရေး​စောင့်​ရှောက်မှုပေးခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုပါ

Pages

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ