ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဖြူးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝင်းဝင်းအေးသည် ဖြူး(၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်တင်နွယ်ဝင်းနှင့် ပူးပေါင်း၍ ၃၀-၇-၂၀၂၃ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဖြူးမြို့နယ်အုတ်ကျင်းကျေးရွာ၌ ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ရာ ကျား(၂၁)ဦး မ(၂၅)ဦး စုစုပေါင်း(၄၆)ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေးနှိုင်ခဲ့ပြီးလူဦးရေ(၃၀)ဦးခန့်အား ရာသီတုတ်ကွေးရောဂါအကြောင်းပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။