ရခိုင်ပြည်နယ် အမ်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဦးနေဝင်းအောင်သည် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ၃၀-၇-၂၀၂၃ ရက်နေ့တွင် အမ်းမြို့နယ် အမ်းမြောက် အုပ်စု ရွာသာယာကျေးရွာ၌ ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ခဲ့ရာ လူနာ ကျားကြီး(၂၀) ဦး၊ မကြီး (၂၀) ဦး၊ ကလေးကျား (၂) ဦး၊ ကလေးမ (၂)ဦး၊ စုစုပေါင်း (၄၄) ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး အခြေခံ တိုင်းရင်းဆေးပညာပေး ကျန်းမာရေးအသိပညာပေး ဟောပြောပွဲသို့ လူဦးရေ (၄၀) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။