ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တိုင်းရင်းဆေးကုဌာန မြို့နယ်တိုင်းရင်းဆေးမှူး၊ ဒေါ်စိုးဇင်သူသည် ၇-၈-၂၀၂၃ ရက်နေ့တွင် ချိုကြည်သာ့သာနဗိမာန်၌ ကွင်းဆင်းဆေးကုသရာတွင် ကျား(၁၀)ဦး၊ မ(၁၂)ဦး စုစုပေါင်းလူနာ( ၂၂)ဦး အား ကွင်းဆင်းကုသပေးခဲ့ပါကြောင်း သိရှိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဆရာ/ဆရာမများသည် ၄-၈-၂၀၂၃ ရက်နေ့တွင် မြန်အောင်မြို့၊ အမှတ်(၁)ရပ်ကွက်၊ အ.မ.က ရွှေကျောင်း၌ ကျောင်းကျန်းမာရေး ကွင်းဆင်း ဆေးကုသခဲ့ရာတွင် ကလေး ကျား(၆၀)ဦး၊ ကလေး မ(၄၃)ဦး ၊စုစုပေါင်းလူနာ(၁၀၃)ဦး အား ကွင်းဆင်း ဆေးကုသပေးခဲ့ပါကြောင်း သိရှိရသည်။
ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဒေသကြီးဉီးစီးဌာနမှူး၏လမ်းညွှန်မှု့ဖြင့် ပြည်ခရိုင် ပေါင်းတလည်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ပြည့်ပြည့်ဝင်းသည် ၇-၈-၂၀၂၃ ရက်နေ့တွင် ကုန်းဇင်းကျေးရွာသို့သွားရောက်၍ လူနာ ကျား(၆)ဦး၊ မ(၁၀)ဦး စုစုပေါင်း (၁၆)ဦး တို့အား တိုင်းရင်းဆေးဖြင့် အခမဲ့ကွင်းဆင်းဆေးကုသမှု့ဆောင်ရွက်ခဲ့ပါကြောင်းသိရှိရသည်။
ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူး၏လမ်းညွှန်မှု့ဖြင့် ပြည်ခရိုင် ပေါက်ခေါင်း တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်ရင်းဆေးမှူး ဒေါ်ခင်သိန်းရီသည် ၇-၈-၂၀၂၃ ရက်နေ့တွင် ရပ်သစ်ကျေးရွာ၌ သွားရောက်၍ ကျား(၈)ဦး၊ မ(၁၄)ဦး၊ စုစုပေါင်း(၂၂)ဦးအား အခမဲ့ကွင်းဆင်းကုသပေးခြင်းနှင့် ရာသီတုတ်ကွေးရောဂါအကြောင်းအသိပညာပေးဟောပြောခဲ့ပါကြောင်းသိရှိရသည်။