ဧရာဝတီတိုင်းဒေသကြီး၊ မအူပင် ခရိုင်၊ မအူပင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဆရာ/ဆရာမများသည် ၈-၈-၂၀၂၃ ရက်နေ့တွင် အမှတ် (၁၁)ရပ်ကွက်ရှိ အ၊ထ၊က(၂)၊ မအူပင်၌ မူလတန်းဆင့်ကျောင်းသား/သူ များအား ကျောင်းကျန်းမာစစ်ဆေးရေးအဖွဲ့ဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ရာ ကျားလူငယ်(၉၅)ဦး မ လူငယ် (၁၁၃) ဦး စုစုပေါင်း(၂၀၈) ဦးအား တိုင်းရင်းဆေးပညာဖြင့် ကျောင်းကျန်းမာရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့နယ်တိုင်းရင်းဆေးကုဌာနမှ အသိပညာပေးဟောပြောခြင်းများတွင် ပါဝင်ဆောင်ရွက် ခြင်း
Thu , Aug 10 2023 - 07 pmရခိုင်ပြည်နယ် စစ်တွေမြို့နယ် တိုင်းရင်းဆေးကုဌာနသည် (၁၀.၈.၂၀၂၃)ရက်နေ့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ စည်းရုံးရေးအဖွဲ့ဝင်အဖြစ်လိုက်ပါပြီး ရွာကြီးမြောက်ရပ်ကွက် ဓမ္မာရုံ၌ မိုခါမုန်တိုင်းအလွန် ပြန်လည်ထူထောင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စစ်တွေမြို့နယ်လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောခြင်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ရာတွင် လူဦးရေ(၂၀၀)ခန့်တက်ရောက်ပါကြောင်း သိရှိရသည်။
မကွေးတိုင်းဒေသကြီး မကွေးခရိုင် ရေနံချောင်းမြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်စံသွယ်နှင့်အဖွဲ့သည် ကုသရေးဦးစီးဌာန ကျောင်းကျန်းမာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ၈-၈-၂၀၂၃ ရက်နေ့တွင် ရေနံချောင်းမြို့အ.မ.က(၃) စနေနံကျောင်း၌ ကျောင်းသား/ကျောင်းသူ (၉၅))ဦးအား သွေးလွန်တုတ်ကွေး ရောဂါကာကွယ်ခြင်းနှင့် ရေချိုးနည်းနည်းစနစ်များ အကြောင်းပညာပေးဟောပြောခဲ့ပြီး (၁၈)ဦးအား တိုင်းရင်းဆေးများဖြင့် အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးခဲ့ပါကြောင်းသိရှိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တိုင်းရင်းဆေးကုဌာန မြို့နယ်တိုင်းရင်းဆေးမှူး၊ ဒေါ်စိုးဇင်သူသည် ၇-၈-၂၀၂၃ ရက်နေ့တွင် ချိုကြည်သာ့သာနဗိမာန်၌ ကွင်းဆင်းဆေးကုသရာတွင် ကျား(၁၀)ဦး၊ မ(၁၂)ဦး စုစုပေါင်းလူနာ( ၂၂)ဦး အား ကွင်းဆင်းကုသပေးခဲ့ပါကြောင်း သိရှိရသည်။