ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန၏ စီစဥ်ညွှန်ကြားမှုဖြင့် တောင်ပိုင်းခရိုင် တိုင်းရင်းဆေးကုဌာန ညွှန်ကြားမှုအရ (၁၁.၈.၂၀၂၃)ရက်နေ့တွင် ခရမ်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်လှမြတ်ထက်နှင့် ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန မြို့နယ်ဉီးစီးမှူး ဒေါ်ခင်နှင်းဝေတို့မှ သုံးစွဲရန်မသင့်သော တားမြစ် တိုင်းရင်းဆေးဝါးများ အန္တရာယ်အကြောင်း အသိပညာပေး TALK SHOW အား ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့နယ်တိုင်းရင်းဆေးကုဌာနမှ ၁၁.၈.၂၀၂၃ ရက်နေ့တွင် စစ်တွေမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ကွင်းဆင်းခရီးစဉ်၌ လိုက်ပါပြီး ကုန်တန်းရပ်ကွက်တွင် စစ်တွေမြို့နယ် လူကုန်ကူးမှု တားဆီးကာကွယ် အသိပညာပေးခြင်းနှင့် မိုခါအလွန် ပြန်လည်ထူထောင်ရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် လိုက်ပါ ဆောင်ရွက်ရာတွင် အသိပညာပေးဟောပြောပွဲသို့ လူဦးရေစုစုပေါင်း(၁၅၀)ခန့်တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ပဲခူးတိုင်းဒေသကြီး ၂၅ ခုတင်ဆံ့ တိုင်းရင်းဆေးရုံသို့ ဆေးဝါး,အာဟာရနှင့်ရေသန့် များ လှူဒါန်းခြင်း
Fri , Aug 11 2023 - 07 pmပဲခူးတိုင်းဒေသကြီး ၂၅ ခုတင်ဆံ့ တိုင်းရင်းဆေးရုံသို့ ၁၂-၈-၂၀၂၃ ရက်နေ့တွင် စိန်ဘယက်ဆေးတိုက်၊ ဒေဝယက္ခဆေးတိုက်တို့မှ ပဲခူးတိုင်းရင်းဆေးရုံရှိ လူနာ၊ လူနာစောင့်များနှင့် ဝန်ထမ်းမိသားစုများအား ဆေးဝါး,အာဟာရနှင့်ရေသန့် များလာရောက် ခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ် ဘားအံမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဆရာ/ဆရာမများသည် ၁၁.၈.၂၀၂၃ ရက်နေ့တွင် တာဝန်ကျရာအမှတ်(၃)ရပ်ကွက် အထက(၁) မြကြေးမှုန် ရေဘေးကယ်ဆယ်ရေးစခန်း၌ တိုင်းရင်းဆေးခန်ဖွင့်၍ တိုင်းရင်းဆေးပညာြဖင့် ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိကြောင်း သိရသည်။