ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးဌာန ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန၏ စီစဉ်ညွန်ကြားမှုဖြင့် တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်သူဇာလွင်နှင့် လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်အေးမြတ်စိုးတို့သည် ၁၄.၈.၂၀၂၃ရက်နေ့တွင် ကျောက်တန်းမြို့နယ်အ.မ.ကစံချိန်မှီကျောင်း၌ တိုင်းရင်းဆေးပညာဖြင့် ကျောင်းကျန်းမာရေး ဆေးကုသမှု ပြုလုပ်ခဲ့ပြီး တိုင်းရင်းဆေးပညာဖြင့် နှာစေးချောင်းဆိုး/ ရင်ကြပ်/အဖျား/ယားနာရောဂါတို့အား ကုသပေးခဲ့ရာ လူနာကလေးကျား(၆၇)ဦးကလေးမ(၇၆)ဦးစုစုပေါင်း(၁၄၃)ဦးတို့အား တိုင်းရင်းဆေး အခမဲ့ဆေး ဆေးကုသပေးခဲ့ပါကြောင်း သိရှိရသည်။
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်စိုပြေဝင်း ဦးဆောင်သောအဖွဲ့သည် ၁၄-၈၂၀၂၃ ရက်နေ့တွင် မြစ်သားမြို့နယ် ကြီးတော်ကုန်း မူလတန်းလွန်ကျောင်း၌ ကွင်းဆင်းဆေးကုသခဲ့ရာကျောင်းသား/သူ(၈၀)ဦးကို ကျန်းမာရေးပညာပေး ဟောပြော ခဲ့ပြီး (၆၀)ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူး၏လမ်းညွှန်မှုဖြင့် ပြည်ခရိုင် ရွှေတောင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ၁၄.၈.၂၀၂၃ ရက်နေ့တွင် ပြည်ခရိုင် ရွှေတောင်မြို့နယ် တိုင်းရင်းဆေး ကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်နီလာမြင့်နှင့် ဒေါ်ဇာဇာအောင် လက်ထောက်တိုင်းရင်းဆေးမှူးတို့သည် ရွှေတောင်မြို့နယ် ပြည်သူ့ဆက်ဆံရေးနှင့် ပြန်ကြားရေးဦးစီးဌာန စားသုံးသူရေးရာဦးစီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ရွှေတောင်မြို့နယ် နွားမယံကျေးရွာရှိ အမက နွားမယံကျောင်း၌ ဝမ်းပျက် ဝမ်းလျောရောဂါအကြောင်း ကျောင်းသား/ကျောင်းသူ (၇၅)ဦးတို့အား အသိပညာပေးဟောပြောပြီး ရွှေတောင်မြို့နယ် ပုတ္တန်းကျေးရွာရှိ အမက ပုတ္တန်း၌ ကျောင်းသား/ကျောင်းသူ (၇၈)ဦးတို့အား မျက်စိရောဂါနှင့် တိုင်းရင်းဆေးပညာအကြောင်းအသိပညာပေးဟောပြောပြီး ကျား(၃၃)မ (၃၇)ဦး စုစုပေါင်း(၇၀)ဦးတို့အား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှု့ပေးခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ခင်လှတိုးသည် ၁၄-၈-၂၀၂၃ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဒေသကြီး ဦးစီးဌာနမှူး၏လမ်းညွှန်မှုဖြင့် မိုးကုတ်တရားစခန်း၌ ကွင်းဆင်းဆေးကုသရာ မ(၃၅)ဦးအား အခမဲ့ကွင်းဆင်းဆေး ကုသမှုဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။