ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် တောင်ဥက္ကလာပမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြိုနယ်တိုင်းရင်းဆေးမှူး ဒေါ်စေကလျာမျိုးဦးဆောင်၍ တောင်ဥက္ကလာပမြို့နယ် ၁၃ရပ်ကွက် တွင်၁၅-၈-၂၀၂၃ ရက်နေ့တွင် ကျန်းမာရေးပညာေပးဟောပြောခြင်းနှင့် ကွင်းဆင်ဆေးကုသခြင်းဆောင်ရွက်ရာ လူနာဦးရေ-ကျား(၁၇)ဦး နှင့် မ(၁၅)ဦး အားကုသခဲ့ပြီး|မိုးရာသီတွင်ဖြစ်တတ်သောရောဂါများအကြောင်းဟောပြောခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။