ဧရာဝတီတိုင်းဒေသကြီး ဟင်္သါတတခရိုင် အင်္ဂပူမြို့နယ်တိုင်းရင်းဆေးကုဌာနမှ ၁၂. ၈.၂၀၂၃ ရက်နေ့တွင် အ.ထ.က.ဘုရားငုတ္တိုကျောင်း၌ ကွင်းဆင်းဆေးကုသခဲ့ရာ ကျား(၁၀)ဦး၊ မ(၁၅)ဦး၊ စုစုပေါင်း(၂၅)ဦး အား ကွင်းဆင်းဆေးကုသပေးခဲ့ကြောင်းနှင့် သွေးလွန်တုတ်ကွေးရောဂါအကြောင်းကို လူဦးရေ(၈၀) ဦးအား ကျန်းမာရေးပညာပေး ဟော ပြောခဲ့ကြောင်း သိရှိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူးဒေါ်နန့်တင်တင်အေးသည် (၁၄-၈-၂၀၂၃)ရက်နေ့တွင် တော်တနီးကျောင်းတရားစခန်း၌ ကွင်းဆင်းဆေးကုသရာတွင် ကျား(၅)ဦး၊ မ( ၂၀)ဦး စုစုပေါင်းလူနာ(၂၅)ဦးအား ဆေးကုသပေးခဲ့ကြောင်း သိရှိရသည်။
ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် ၊တိုင်းရင်းဆေးကုဌာနမှ ၁၆.၈.၂၀၂၃ ရက်နေ့တွင် သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်တင်နွယ်နွယ်ဝင်း၊ ရုံးအကူဦး စောနိုင်ဝင်းထွေးတို့သည် တိုက်ကျောင်းစာသင်တိုက်၌ အခမဲ့ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ရာ ကျား(၁၉) ဦး၊ မ(၁) ဦး၊ စုစုပေါင်း (၂၀)ဦးတို့အား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကော့သောင်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဦးမောင်မောင်မြင့်ဦးသည် (၁၀.၈.၂၀၂၃) ရက်နေ့တွင် (အ လ ကခွဲ) (၃)မိုင်၌ ကျား(၅၇)ဦး .မ(၇၄)ဦး စုစုပေါင်း(၁၃၁)ဦးတို့အား ရာသီအလိုက်ဖြစ်တတ်သောရောဂါများနှင့် ဆေးဖက်ဝင်အပင်များအကြောင်း အသိပညာပေးဟောပြောခဲ့ပြီး နေ့လယ်ပိုင်းတွင် မူလွန်ကျောင်း (၁)မိုင်တွင် ကျား(၄၂)ဦး၊ မ(၆၄)ဦး စုစုပေါင်း(၁၀၆)ဦးအား မီးဖိုချောင်သုံးဆေးဖက်ဝင်အပင်များအကြောင်း အသိပညာပေးဟောပြောခဲ့ပါကြောင်း သိရသည်။