the republic of the union of myanmar

ministry of health

Department of Traditional Medicine

field trip

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ‌ဒေါ်၀င်း၀င်းမြိုင်သည် ၁၅-၈-၂၀၂၃ ရက်နေ့တွင်  တောင်ကုတ်မြို့ ၀က်ကျိတ်ကျေးရွာ မူလတန်းလွန်ကျောင်း၌ တောင်ကုတ်မြို့ ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ကျားလူကြီး(၂၅)ဦး မ (၂၅)ဦး၊ ကျား-ကလေး(၇၀)ဦး၊ မ-ကလေး(၆၀)ဦး စုစုပေါင်း(၁၈၀)ဦး ဆေးကုသမှုပေးခဲ့ပြီး ကျား(၉၅)ဦး မ(၈၅)ဦး စုစုပေါင်း(၁၈၀)ဦးတို့အား မိုးရာသီတွင်ဖြစ်ပွားတတ်သောရောဂါများအကြောင်းဟောပြောခြင်းနှင့်  ကျောင်းကျန်းမာရေးဆောင်ရွက်မှုများ ပြုလုပ်ခဲ့ပါကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုပါ

ပဲခူးတိုင်း​ဒေသကြီး တိုင်းရင်း​ဆေးပညာဦးစီးဌာန တိုင်း​ဒေသကြီးဦးစီးဌာနမှူး၏  လမ်းညွှန်မှုဖြင့် သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် ၊တိုင်းရင်း​ဆေးကုဌာနမှ ၁၆.၈.၂၀၂၃ ရက်​နေ့တွင် သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ တိုင်းရင်း​ဆေးကုဌာနမှ မြို့နယ်တိုင်းရင်း​ဆေးမှူး ​ဒေါ်တင်နွယ်နွယ်ဝင်း၊ ရုံးအကူဦး​ စောနိုင်ဝင်းထွေးတို့သည် တိုက်ကျောင်းစာသင်တိုက်၌ အခမဲ့ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ရာ ကျား(၁၉) ဦး၊ မ(၁) ဦး၊ စုစုပေါင်း (၂၀)ဦးတို့အား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကော့သောင်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဦးမောင်မောင်မြင့်ဦးသည် (၁၀.၈.၂၀၂၃) ရက်နေ့တွင် (အ လ ကခွဲ) (၃)မိုင်၌ ကျား(၅၇)ဦး .မ(၇၄)ဦး စုစုပေါင်း(၁၃၁)ဦးတို့အား ရာသီအလိုက်ဖြစ်တတ်သောရောဂါများနှင့် ဆေးဖက်ဝင်အပင်များအကြောင်း အသိပညာပေးဟောပြောခဲ့ပြီး နေ့လယ်ပိုင်းတွင် မူလွန်ကျောင်း (၁)မိုင်တွင် ကျား(၄၂)ဦး၊ မ(၆၄)ဦး စုစုပေါင်း(၁၀၆)ဦးအား  မီးဖိုချောင်သုံးဆေးဖက်ဝင်အပင်များအကြောင်း အသိပညာပေးဟောပြောခဲ့ပါကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

ဧရာဝတီတိုင်း​ဒေသကြီး၊ ​ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် တိုင်းရင်း​ဆေးကုဌာနမှ မြို့နယ်တိုင်းရင်း​ဆေးမှူး​ဒေါ်နန့်တင်တင်​အေးသည် (၁၄-၈-၂၀၂၃)ရက်​နေ့တွင်​ တော်တနီး​ကျောင်းတရားစခန်း၌ ကွင်းဆင်း​ဆေးကုသရာတွင် ကျား(၅)ဦး၊ မ( ၂၀)ဦး စုစု​ပေါင်းလူနာ(၂၅)ဦးအား ဆေးကုသ​ပေးခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုပါ

Pages

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ