ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သန်လျင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှုး ဒေါ်ဝါဝါလင်း ဦးဆောင်သောအဖွဲ့ သည် ၁၇.၈.၂၀၂၃ ရက်နေ့ နံနက် ၉ နာရီမှ ၁၂ နာရီအထိ အုတ်ဖိုစုရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ တိုင်းရင်းဆေးဖြင့်အခမဲ့ ကွင်းဆင်းဆေးကုသပေးခဲ့ရာ လူကြီး ကျား(၁၀) ဦး၊ မ( ၂၈) ဦး ကလေးကျား(၁)ဦး၊ မ( ၁)ဦး စုစုပေါင်း (၄၀) ဦး အား ဆေးကုသမှုပေးခဲ့ကြောင်း သိရှိရသည်။
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ခရမ်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှုး ဒေါ်လှမြတ်ထက် ဦးဆောင်သောအဖွဲ့သည် ၁၇.၈.၂၀၂၃ ရက်နေ့ နံနက် ၉ နာရီ မှ ၁၁ နာရီ အထိ အထက (ကွမ်းမိုးဒိန်း) ခရမ်းမြို့၌ ကျောင်းကျန်းမားရေးစစ်ဆေးပေးခဲ့ပြီး ကျား(၁၉)ဦး မ(၂၆)ဦး စုစုပေါင်း (၄၅) ဦး အား ဆေးကုမှုပေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ လူငယ်အသိပညာပေး ဟောပြောပွဲတွင် ကျန်းမာရေးအသိပညာပေးခြင်းအနေဖြင့် မြို့နယ်တိုင်းရင်းဆေးမှုး ဒေါ်လှမြတ်ထက် မှ တိုင်းရင်းဆေးဝါးဝယ်ယူသုံးစွဲသူများ သိကောင်းစရာအချက်များကို ကျောင်းသား/ကျောင်းသူ (၂၀၃) ဦးတို့အား အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် တိုင်းရင်းဆေးကုဌာမှ ၁၇-၈-၂၀၂၃ ရက်နေ့တွင် သမင်ကုန်းကျေးရွာအုပ်စုသမင်ကုန်းကျေးရွာ၌ အခမဲ့ကွင်းဆင်းဆေးကုသခြင်းဆောင်ရွက်ခဲ့ရာ ကျား(၃၀)ဦး ၊မ(၈၂)ဦး စုစုပေါင်း လူနာ (၁၁၂)ဦးအား ကွင်းဆင်းဆေးကုသပေးခဲ့ပြီး သာပေါင်းမြို့နယ် တိုင်းရင်းဆေးကုဌာန တည်နေရာနှင့် မိုးရာသီတွင် ဖြစ်တတ်သောရောဂါများအကြောင်းကို လူဦးရေ(၂၈)ဦး အား ကျန်းမာရေးပညာပေး ဟောပြောခဲ့ကြောင်း သိရှိရသည်။
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် (၁၆) ခုတင်ဆံ့ ကျုံပျော်မြို့ တိုင်းရင်းဆေးရုံမှ ၁၇.၈.၂၀၂၃ ရက်နေ့တွင် အ.ထ.က ၂ စာသင်ကျောင်း၌ ကွင်းဆင်းဆေးကုသခဲ့ရာ ကျား (၂) ဦး မ (၄၂) ဦး၊ စုစုပေါင်း လူနာ (၄၄)ဦး အား ကွင်းဆင်းကုသပေးခဲ့ပြီး တိုင်းရင်းဆေးပညာသိကောင်းစရာအကြောင်းကို လူဦးရေ (၃၅) ဦးအားကျန်းမာရေး ပညာပေး ဟောပြောခဲ့ကြောင်းသိရှိရသည်။