the republic of the union of myanmar

ministry of health

Department of Traditional Medicine

field trip

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် တိုင်းရင်းဆေးကုဌာနမှ ၁၈-၈-၂၀၂၃ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်စုစုဝင်းနှင့်ကျောက်ဆည်မြို့နယ်  တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူးဒေါ်ဆွေဆွေမြင့် တို့ ဦးဆောင်သောအဖွဲ့သည် ကျောက်ဆည်မြို့အမက(၁၀)ကျောင်း၌ ကွင်းဆင်း၍ ကျောင်းသား/ ကျောင်းသူ(၁၁၀)ဦးအား ကျန်းမာရေးပညာပေးဟောပြောခဲ့ပြီး (၇၅)ဦးကိုအခမဲ့ဆေးကုသမှုပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

မကွေးတိုင်းဒေသကြီး ခုတင်၅၀ဆံ့တိုင်းရင်းဆေးရုံမှ ဆေးရုံအုပ်ဦးကျော်စိန်၊ တိုင်းရင်းဆေးမှူး ဒေါ်သန္တာနွယ်နှင့် ဒေါ်စောအိအိဖြိုးတို့ဦးဆောင်သော အဖွဲ့သည်(၁၈.၈.၂၀၂၃) ရက်နေ့တွင် သမဝါယမစာရင်း  ရေး၊ စာရင်းကိုင် သက်‌မွေးပညာသင်တန်းကျောင်း၌ ကွင်းဆင်း၍ ပရဆေးပျိုးပင်လှူဒါန်းခြင်း၊ တုပ်ကွေးရောဂါကာကွယ်နည်းများ ဟော‌ပြောခြင်းနှင့် တိုင်းရင်းဆေးတို့ဖြင့်အခမဲ့ကုသခြင်းတို့ကိုပြုလုပ်ခဲ့ပြီး ဟောပြောပွဲတက်ရောက်သူ (၁၃၅)ဦး၊ တိုင်းရင်းဆေးဖြင့်ကုသမှုခံယူသူ ကျား(၃၇)ဦး၊ မ(၈၇)ဦး၊ စုစုပေါင်း(၁၂၄)ဦးတို့ကို တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

ရခိုင်ပြည်နယ် ကျောက်တော်မြို့  (၁၆) ခုတင်ဆံ့တိုင်းရင်းဆေးရုံမှ ၁၂-၈-၂၀၂၃ရက်နေ့တွင် ရခိုင်ပြည်နယ် ကျောက်တော်မြို့  (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဒုတိယတိုင်းရင်းဆေးမှူး  ဦးဗိုလ်စံသိန်းတို့သည် ကျောက်တော်မြို့နယ် ဝကင်းကျေးရွာ၌ ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ရာ လူနာကျားကြီး (၁၄) ဦး၊ မကြီး (၁၀၃) ဦး၊ ကလေးကျား (၁၃) ဦး၊ ကလေးမ (၃)ဦး၊ စုစုပေါင်း (၁၃၃) ဦးအားကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး တိုင်းရင်းဆေးဖြင့် ကျန်းမာရေးအသိပညာပေးဟောပြောပွဲတွင် လူဦးရေ (၅၇) ဦးတက်ရောက်ခဲ့ပါကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

ရခိုင်ပြည်နယ် အမ်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး  ဦးနေဝင်းအောင်တို့သည် ၁၃- ၈- ၂၀၂၃ရက်နေ့တွင် အမ်းမြို့နယ်၊ စျေးရပ်ကွက်၊ ဇာဒီမော်ကျေးရွာ၌    ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ရာ လူနာကျားလူကြီး(၂၁)ဦး၊ မကြီ (၂၇)ဦး၊ ကလေးကျား(၄)ဦး၊ ကလေးမ(၈)ဦး၊ စုစုပေါင်း (၆၀) ဦးတို့ကို ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး၊ ကျေးလက်နေပြည်သူ (၃၀)ဦးတို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးအသိပညာပေးဟောပြောဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

Pages

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆ ေးဖက်အသေးဝင် ရောေးဆ ောင်ေးလက်ပပ်ပ
နွေဥတုအခါ နေထိုင်စားသောက်ရမည့်နည်းလမ်းများ
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း