the republic of the union of myanmar

ministry of health

Department of Traditional Medicine

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် တိုင်းရင်းဆေးကုဌာမှ တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် တိုင်းရင်းဆေးကုဌာမှ ဆရာ/ဆရာမများသည် ၁၇-၈-၂၀၂၃ ရက်နေ့တွင် သမင်ကုန်းကျေးရွာအုပ်စုသမင်ကုန်းကျေးရွာ၌ အခမဲ့ကွင်းဆင်းဆေးကုသခြင်း ဆောင်ရွက်ခဲ့ရာ ကျား(၃၀)ဦး ၊မ(၈၂)ဦး စုစုပေါင်း လူနာ(၁၁၂)ဦးတို့အား ကွင်းဆင်းဆေးကုသပေးခဲ့ပြီး သာပေါင်းမြို့နယ် တိုင်းရင်းဆေးကုဌာန တည်နေရာနှင့် မိုးရာသီတွင် ဖြစ်တတ်သောရောဂါများအကြောင်းကို လူဦးရေ(၂၈)ဦးခန့်အား တိုင်းရင်းဆေးဖြင့် ပညာပေးဟောပြောခဲ့ကြောင်း သိရှိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ
မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆေးဖက်အသုံးဝင်ရှားစောင်းလက်ပတ်ပင်