the republic of the union of myanmar

ministry of health

Department of Traditional Medicine

field trip

မကွေးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန၊ရေနံချောင်းမြို့ (၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံမှ ဆေးရုံအုပ် ဒေါ်မူမူခင်၊ ဒုတိယတိုင်းရင်း​ဆေးမှူး ဒေါ်သိန်းသိန်းဝင်းနှင့် ဒေါ်မြင့်မြင့်ကြည်တို့ဦးဆောင်သော အဖွဲ့သည် ၂၀-၈-၂၀၂၃ ရက်နေ့တွင် ရေနံချာင်းမြို့၊ ညောင်လှရပ်ကွက်၊ သူဌေးကုန်းရပ်၊ လင်းလက်မြေပညာဒါနကျောင်း၌ တိုင်းရင်းဆေးပညာဖြင့်အခမဲ့ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ရာတွင် ကျား(၂၁)ဦး၊ မ (၃၅)ဦး စုစုပေါင်း(၅၆)ဦး အား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့ပြီး မိုးရာသီတွင်ဖြစ်ပွားတတ်သော ရောဂါများနှင့် ဆောင်ရန်ရှောင်ရန်များ၊၄င်းရောဂါများနှင့်ပတ်သက်၍ မီးဖိုချောင်သုံးဆေးဖက်ဝင်ပစ္စည်းများနှင့် အသုံးပြုပုံတို့ကို ပညာပေးဟောပြောပွဲသို့တက်ရောက်သူ ( ၅၂ )ဦး ရှိကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုပါ

ရခိုင်ပြည်နယ်၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ကျောက်ဖြူခရိုင် တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ခင်းဝင်းရွှေ ဦးဆောင်ပါဝင်သောအဖွဲ့သည် ၂၀-၈-၂၀၂၃ ရက်နေ့တွင် ကျောက်ဖြူမြို့၊ဘိုးဘွားရိပ်သာ၌ ကျားကြီး(၃)ဦး ၊မကြီး(၁၂)ဦး ၊စုစုပေါင်း(၁၅)ဦးတို့အား ကွင်းဆင်းဆေးကုသပေးခဲ့ပြီး          အဘိုး၊ အဘွား(၁၅)ဦးအား ကျန်းမာရေးပညာပေး ဟောပြောမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

ရခိုင်ပြည်နယ်၊ တိုင်းရင်းဆေးပညာဦးစီးဋ္ဌာန၊ သံတွဲခရိုင်တိုင်းရင်းဆေးကုဌာနမှ ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်လှိုင်လေးအောင်၊ ဆေးခန်းအကူ ဒေါ်ရီရီခိုင်တို့သည် ၂၀-၈-၂၀၂၃ ရက်နေ့တွင် သံတွဲမြို့နယ် ဆင်ခေါင်းကျေးရွာ၌ စစ်ကြောင်းကြီးငါးကြောင်းနှင့်အတူကွင်းဆင်းဆေးကုသမှုပြလုပ်ရာတွင် ကျာ ၃၅ ဦး၊ မ၁၁၅ဦးတို့အား ဆေးကုသမှုပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

ရှမ်းပြည်နယ်  ခုတင်(၅၀)ဆံ့ တိုင်းရင်းဆေးရုံ အေးသာယာ(တောင်ကြီး)မှ ဆေးရုံအုပ်နှင့် ဆရာ/ဆရာမ (၇)ဦး တို့သည် ၂၀-၈-၂၀၂၃ ရက်နေ့တွင် တောင်ကြီးမြို့ ရတနာသီရိရပ်ကွက်  ဓမ္မဝိဒူ အုပ်ဖို လူငယ်ဖွံဖြိုးရေးပရဟိတ ကျောင်း၌ ကိုရင်(၅၂)ပါး ကျား(၁၈)ဦး မ(၁၅၉)ဦး စုစုပေါင်း(၂၂၉)ဦးတို့အား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေး စောင့်ရှောက်မှု ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

Pages

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း