the republic of the union of myanmar

ministry of health

Department of Traditional Medicine

field trip

ဧရာဝတီတိုင်းဒေသကြီး၊ (၁၆)ခုတင်ဆံ့ ပုသိမ်တိုင်းရင်းဆေးရုံမှ (၁၉.၈.၂၀၂၃) ရက်၊ စနေနေ့တွင် ဆေးရုံအုပ် ဒေါ်ဇာနည်စိုး ဦးဆောင်၍ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်စိုးမြတ်စန္ဒာနှင့် အဖွဲ့ဝင်(၆)ဦး လိုက်ပါလျက် ကန်ကြီးထောင့်မြို့နယ်၊ ငုကိုင်းကျေးရွာ၊ ကျုံကြီးအုပ်စု၊ ချမ်းမြေ့မင်္ဂလာကျောင်းတိုက်၌ အခမဲ့ ကွင်းဆင်းဆေးကုသခြင်း ဆောင်ရွက်ခဲ့ရာ ကျား(၁၂)ဦး၊ မ(၁၈)ဦး၊ စုစုပေါင်း လူနာ(၃၀)ဦးတို့အား အခမဲ့ ကွင်းဆင်း ဆေးကုသပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

ရခိုင်ပြည်နယ် ကျောက်တော်မြို့ ၁၆  ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဒုတိယတိုင်းရင်းဆေးမှူး ဦးဗိုလ်စံသိန်းဦးဆောင်သော အဖွဲ့သည် ၁၉-၈- ၂၀၂၃ရက်နေ့တွင် ကျောက်တော်မြို့နယ် ကွမ်းအုံချောင်းကျေးရွာ၌ ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ရာလူနာကျားလူကြီး ( ၁၆) ဦး ၊မလူကြီး (၅၉) ဦး ၊ကလေးကျား (၁၀) ဦး ၊ ကလေးမ (၄) ဦး ၊စုစုပေါင်း (၈၉) ဦး တို့ကိုကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး၊ကျေး လက်နေပြည်သူ (၄၅) ဦး အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးအသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

ရခိုင်ပြည်နယ် အမ်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး  ဦနေဝင်းအောင်သည် ၁၉- ၈- ၂၀၂၃ ရက်နေ့တွင်  အမ်းမြို့နယ် စခန်းမော်ကျေးရွာ၌ ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ရာ လူနာကျားလူကြီး (၁၂) ဦး ၊ မလူကြီး (၄၀) ဦး ၊ ကလေးမ (၁) ဦး ၊စုစုပေါင်း (၅၃) ဦး တို့အားကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး လူဦးရေ စုစုပေါင်း (၃၅) ဦး ကို တိုင်းရင်းဆေးဖြင့် ကျန်းမာရေးအသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

ရခိုင်ပြည်နယ် သံတွဲခရိုင် တိုင်းရင်းဆေးကုဋ္ဌာနမှ ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်လှိုင်လေးအောင်သည် ၁၉-၈-၂၀၂၃ ရက်နေ့တွင် စစ်ကြောင်းကြီးငါးကြောင်းဖြင့် သံတွဲမြို့နယ် ရွှေလှေကျေးရွာသို့လိုက်ပါဆောင်ရွက်ခဲ့ပြီး ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်လှိုင်လေးအောင်မှ  တိုင်းရင်ဆေးပညာသိကောင်းစရာ သင်္ဘောပင်ကို သုံးစွဲပါခေါင်းစဉ်ဖြင့် လူဦးရေစုစုပေါင်း (၁၅၀)ဦးခန့်ကို တိုင်းရင်းဆေးပညာဖြင့် အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

Pages

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ