ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ တိုင်းရင်းဆေးကုဌာနမှ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်ပိုက်ယဉ်ဝင်း ဦးဆောင်သော ဆေးကုသရေးအဖွဲ့သည် ၁၉.၈.၂၀၂၃ ရက်နေ့တွင် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် ၊(၄၂)ရပ်ကွက်၊ မဟာဂန္ဓာရုံကျောင်းတိုက်၌ လိပ်ခေါင်းရောဂါ အကြောင်းသိကောင်းစရာ ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီး၊ လူနာ ကျား၁၃ဦး၊ မ၁၄ဦး၊စုစုပေါင်း၂၇ဦးတို့အား တိုင်းရင်းဆေးဖြင့် အခမဲ့ကုသပေးခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင် ခရိုင်၊ ညောင်တုန်း မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ၁၇-၈-၂၀၂၃ ရက်နေ့တွင် ကဇန်းလပိုင်းအလယ်တန်းကျောင်း၊ ညောင်တုန်းမြို့၌ ကွင်းဆင်းဆေးကုသခဲ့ရာတွင် ကျား ၁၁၅ဦး၊ မ ၁၀၁ဦး၊ စုစုပေါင်း လူနာ ၂၁၆ ဦးအား ကွင်းဆင်းကုသပေးခဲ့ပြီး ကံစိတ်ဥတု အာဟာရအကြောင်း သိကောင်းစရာ အသိပညာပေးဟောပြောခြင်းနှင့် ဆေးကုသမှုပေးခြင်းအကြောင်းကို လူဦးရေ ၂၀၀ ဦး အားကျန်းမာရေး ပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒသကြီး၊ မြောင်းမြခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၁၄.၈.၂၀၂၃) ရက်နေ့တွင် မိုးမေတ္တာအခမဲ့ဆေးခန်း၌ ကွင်းဆင်းဆေးကုသခဲ့ရာ လူနာကျား (၆) ဦး၊ မ (၂၄)ဦး၊ စုစုပေါင်းလူနာ( ၃၀ )ဦး အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန၊ရေနံချောင်းမြို့ (၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံမှ ဆေးရုံအုပ် ဒေါ်မူမူခင်၊ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်သိန်းသိန်းဝင်းနှင့် ဒေါ်မြင့်မြင့်ကြည်တို့ဦးဆောင်သော အဖွဲ့သည် ၂၀-၈-၂၀၂၃ ရက်နေ့တွင် ရေနံချာင်းမြို့၊ ညောင်လှရပ်ကွက်၊ သူဌေးကုန်းရပ်၊ လင်းလက်မြေပညာဒါနကျောင်း၌ တိုင်းရင်းဆေးပညာဖြင့်အခမဲ့ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ရာတွင် ကျား(၂၁)ဦး၊ မ (၃၅)ဦး စုစုပေါင်း(၅၆)ဦး အား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့ပြီး မိုးရာသီတွင်ဖြစ်ပွားတတ်သော ရောဂါများနှင့် ဆောင်ရန်ရှောင်ရန်များ၊၄င်းရောဂါများနှင့်ပတ်သက်၍ မီးဖိုချောင်သုံးဆေးဖက်ဝင်ပစ္စည်းများနှင့် အသုံးပြုပုံတို့ကို ပညာပေးဟောပြောပွဲသို့တက်ရောက်သူ ( ၅၂ )ဦး ရှိကြောင်း သိရှိရသည်။