ရှမ်းပြည်နယ် ခုတင်(၅၀)ဆံ့ တိုင်းရင်းဆေးရုံ အေးသာယာ(တောင်ကြီး)မှ ဆေးရုံအုပ်နှင့် ဆရာ/ဆရာမ (၇)ဦး တို့သည် ၂၀-၈-၂၀၂၃ ရက်နေ့တွင် တောင်ကြီးမြို့ ရတနာသီရိရပ်ကွက် ဓမ္မဝိဒူ အုပ်ဖို လူငယ်ဖွံဖြိုးရေး ပရဟိတကျောင်းသို့သွားရောက်ပြီး ကိုရင်(၅၂)ပါး၊ ကျား(၁၈)ဦးမ(၁၅၉)ဦး စုစုပေါင်း(၂၂၉)ဦးတို့အား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ၂၁-၈-၂၀၂၃ ရက်နေ့တွင် မြောင်းမြမြို့ ၊အ.လ.က လေ့ကျင့်ရေးကျောင်း၌ ကွင်းဆင်းဆေးကုသရာတွင် ကျား ၇ ဦး မ ၂၀ ဦး စုစုပေါင်း လူနာ ၂၇ဦး အား တိုင်းရင်းဆေးဖြင့် ကွင်းဆင်းကုသပေးခဲ့ကြောင်း သိရှိရသည်။
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ၂၁-၈-၂၀၂၃ ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဦးဇော်ရဲအောင် သည်.အ.ထ.ကကျောက်တော် ကျောင်းတွင် မြို့နယ်ပြည့်သူ့ကျန်းမာဦးစီးဌာနနှင့် ပူးပေါင်း၍ ကျောင်းသူ/ကျောင်းသား (၁၀၅၀) ဦးကို ကျောင်းကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် တိုင်းရင်းဆေး များ လှူဒါန်းခဲ့ ကြောင်း သိရှိရသည်။
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် တံတားမြို့ တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဦးအောင်ဟိန်းသူ ဦးဆောင်သော ကွင်းဆင်းအဖွဲ့သည် ၁၈.၈.၂၀၂၃ သောကြာနေ့ နံနက် ၁၀:၀၀နာရီမှ နေ့လည် ၁:၃၀နာရီအချိန်ထိ တံတားမြို့၊ဇီးဖြူပင် ကျေးရွာ၌ ကျေးရွာသူ/ကျေးရွာသား လူဦးရေ(၂၀)ဦးအား `သွေးတိုးရောဂါနှင့် တိုင်းရင်းဆေးပညာ´အကြောင်း ကျန်းမာရေးအသိပညာပေး ဟောပြော၍ တိုင်းရင်းဆေး ပညာရပ်ဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ပြုလုပ်ခဲ့ပြီး အမျိုးသားလူနာ(၈)ဦး၊ အမျိုးသမီး လူနာ(၂၇)ဦး တို့အား တိုင်းရင်းဆေးဝါးများဖြင့် အခမဲ့ ကွင်းဆင်းဆေးကုသမှုပေးခဲ့ ကြောင်း သိရသည်။