the republic of the union of myanmar

ministry of health

Department of Traditional Medicine

field trip

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ၂၃.၈.၂၃ ရက်နေ့တွင် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဦးဇော်ရဲအောင် သည် မြို့နယ် ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ကျောက်တော်မြို့မစျေးအတွင်း တရားမဝင် တိုင်းရင်းဆေးဝါးများ စစ်ဆေးခဲ့ ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုပါ

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ၂၁.၈.၂၀၂၃ ရက်နေ့တွင် ကွမ်းခြံကုန်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝေဝေနိူင်သည် ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ သို့  တက်ရောက်ခဲ့ပြီး မြို့နယ်တိုင်းရင်းဆေးမှူးမှ ကျောင်းသူ/ကျောင်းသား (၅၀၀) ဦး တို့အား တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)အကြောင်းသိကောင်းစရာများနှင့် ဆေးဖက်ဝင် ရှားစောင်းလက်ပတ် ပင် အကြောင်းကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့ (၁၆) ခုတင်ဆံတိုင်းးရင်းဆေးရုံမှ ပဲခူးတိုင်းဒေသကြီး ဦးစီးဌာနမှူး၏လမ်းညွှန်မှုဖြင့် ၂၂-၈-၂၀၂၃ ရက်နေ့တွင် ပေါင်းတည်မြို့ ၁၆ ခုတင်ဆံ တိုင်းးရင်းဆေးရုံမှ ဒုတိယဆေးရုံအုပ် ဒေါ်လွင်လွင်အေးနှင့် အငယ်တန်းစာရေးဦးကျော်လင်းစိုး တို့သည် ပေါင်းတည် ဘိုးဘွားရိပ်သာ၌ ကွင်းဆင်းဆေးကုသဆောင်ရွက်ရာလူနာ မ ၂၀ ဦးအား တိုင်းရင်းဆေးဖြင့် အခမဲ့ ဆေးကုသခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုပါ

ရှမ်းပြည်နယ် ခုတင်(၅၀)ဆံ့ တိုင်းရင်းဆေးရုံ အေးသာယာ(တောင်ကြီး)မှ ဆေးရုံအုပ်နှင့် ဆရာ/ဆရာမ (၇)ဦး တို့သည် ၂၀-၈-၂၀၂၃ ရက်နေ့တွင် တောင်ကြီးမြို့ ရတနာသီရိရပ်ကွက်  ဓမ္မဝိဒူ အုပ်ဖို လူငယ်ဖွံဖြိုးရေး ပရဟိတကျောင်းသို့သွားရောက်ပြီး ကိုရင်(၅၂)ပါး၊ ကျား(၁၈)ဦးမ(၁၅၉)ဦး စုစုပေါင်း(၂၂၉)ဦးတို့အား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုပါ

Pages

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ