ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာနတိုင်းဒေသကြီးဦးစီးဌာနမှူး၏လမ်းညွှန်မှု့ဖြင့် ပြည်ခရိုင်ပေါင်းတည်မြို့နယ်တိုင်းရင်းဆေးကုဌာနမှမြို့နယ်တိုင်းရင်းဆေးမှူး ဦးနေဝင်းနှင့် နေ့စားဦးအောင်ကိုကိုတို့သည်ပေါင်းတည်မြို့အတွင်းလမ်းမိုးကုတ်ဓမ္မရိပ်သာ၌ (၂၀.၈.၂၀၂၃)ရက်နေ့မှ(၂၄.၈.၂၀၂၃)ရက်နေ့အထိ(၅)ရက်ကွင်းဆင်းဆေးကုသပေးခဲ့ရာလူနာဦးေရကျား-(၄၂)ဦး မ-(၅၈)ဦး စုစုပေါင်း(၁၀၀) ဉီးကိုကုသပေးခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။