ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန ပြည်ခရိုင် သဲကုန်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ၆.၉.၂၀၂၃ရက် နံနက်၁၀နာရီတွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်အေးအေးမော်သည်ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန/ စားသုံးသူရေးရာဦးစီးဌာနတို့နှင့်ပူပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို သဲကုန်းမြို့နယ်အထက(ခွဲ)အင်ပင်လှစာသင်ကျောင်း၌ တိုင်းရင်းဆေးပညာအကြောင်း သိကောင်းစရာ အကြောင်းအသိပညာပေးဟောပြောဆွေးနွေးပေးခဲ့ပြီး ကျောင်းသား/ကျောင်းသူ(၁၅၀)ဦး တက်ရောက်ခဲ့ ကြောင်း သိရှိရသည်။
မကွေးတိုင်းဒေသကြီး မကွေးခရိုင်တောင်တွင်းကြီး မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝေယံမြင့်နှင့်အဖွဲ့သည် ၈-၉-၂၀၂၃ ရက်နေ့တွင် ဆတ်သွားကျေးရွာ ဂန္ဓာရုံဘုံကျော်စာသင်တိုက်သို့ သွားရောက်ခဲ့ပြီး သံဃာတော် (၂၅)ပါးနှင့် လူပုဂ္ဂိုလ်(၇)ဦးတို့အား တိုင်းရင်းဆေးဖြင့်အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်ခရိုင် တိုင်းရင်းဆေးပညာဦးစီးဌာနမှ Talk show အစီအစဥ် ဆောင်ရွက်ခြင်း
Fri , Sep 08 2023 - 06 amရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်ခရိုင် တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ပူးပေါင်း၍ ၁-၉-၂၀၂၃ ရက်နေ့တွင် ရာသီအကူးအပြောင်းတွင်အဖြစ်များသည့် အဖျားရောဂါ အကြောင်းသိကောင်းစရာများ Talk show အစီအစဥ်ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်တောင်ပိုင်း၊ ပင်လုံမြို့နယ် တိုင်းရငိးဆေးကုဌာနမှ ၆-၉-၂၀၂၃ ရက်နေ့ ရှမ်းပြည်တောင်ပိုင်း၊ ပင်လုံမြို့နယ် တိုင်းရငိးဆေးကုဌာနနှင့်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍အ.လ.က(၃) ပင်လုံမြို့တွင် မြိုနယ်တိုင်းရင်းဆေးမှူး ဒေါ်စကားဝါမှ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ရာသီအလိုက်ဖြစ်တတ်သော ရောဂါများအတွက် ကာကွယ်နည်းများဟောပြောခဲ့ပြီး ကျား(၁၃)ဦး၊ မ(၃၇) ဦးတို့အား တိုင်းရင်းဆေးဖြင့်ကျန်းမာရေးစောင့်ရှောက်ခဲ့ပါကြောင်း သိရှိရသည်။