the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရန်ကုန်တိုင်းဒေသကြီး ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံမှ တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

ရန်ကုန်တိုင်းဒေသကြီး ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ၊ ရန်ကုန် မှ (၈.၉.၂၀၂၃) ရက်(​သောကြာနေ့)တွင် အကြီးတန်းတိုင်းရင်းဆေးမှူး ဒေါ်သန်းသန်းအေးနှင့် အကြီးတန်းတိုင်းရင်းဆေးမှူး ဦးမြင့်ကျော်ဦး                ဦးဆောင်ပြီး ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်မိတင်တင်ဦး ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်သဥ္ဇာထွန်း အငယ်တန်းစာရေး ဒေါ်ကြူကြူဝင်း ရုံးအကူ ဒေါ်စီစီမြင့် တို့ပါဝင်သောအဖွဲ့ သည်  ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်း၌ နံနက်(၉)နာရီမှ ညနေ(၃)နာရီထိ မိုးရာသီတွင်ဖြစ်ပွါးတတ်သောရောဂါများအကြောင်းခေါင်းစဥ်ဖြင့် ကျန်းမာရေးအသိပညာပေးဟောပြောခြင်း၊ လူနာကျား (၉၇)ဦး မ (၁၀)ဦး စုစုပေါင်း ၁၀၇ဦးတို့အား အခမဲ့ကွင်းဆင်းဆေးကုသမူဆောင်ရွက်ပေးခဲ့ပြီး၊   စိုက်ပျိုးရန်အတွက် ပရဆေးပင်များပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ
မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆေးဖက်အသုံးဝင်ရှားစောင်းလက်ပတ်ပင်