the republic of the union of myanmar

ministry of health

Department of Traditional Medicine

field trip

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ခရမ်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှုး ဒေါ်လှမြတ်ထက် ဦးဆောင်သော ကွင်းဆင်းအဖွဲ့သည် ၁၂-၉-၂၀၂ ၃ရက်နေ့ အမက မူလွန်(စက်သစ်)၌ ကျောင်းကျန်းမားရေးစစ်ဆေးပေးခဲ့ပြီး ကျား (လူကြီး) ၁၄ ဦး၊မ(လူကြီး) ၁၉ဦး၊ ကျား(ကလေး) ၁၂ဦး၊ မ(ကလေး) ၁၂ ဦး ၊စုစုပေါင်း ၅၇ ဦး တို့အားဆေးကုသမှုပေးခဲ့ပြီး မြို့နယ်တိုင်းရင်းဆေးမှုး ဒေါ်လှမြတ်ထက်မှ တကိုယ်ရေသန့်ရှင်းရေးအကြောင်းကို ကျန်းမာရေးအသိပညာပေးဟောပြောခြင်းအကြောင်းကို  ကျောင်းသား/ ကျောင်းသူ  ၈၀ ဦးတို့အားအသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

ရှမ်းပြည်နယ်‌တောင်ပိုင်း မိုးနဲမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ၁၂-၉-၂၀၂၃ ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဦးမျိုးသူလွင် ဦးဆောင်သောအဖွဲ့သည် အ.မ.က နာဟောင် မိုးနဲမြို့၌ ကျောင်းကျန်းမာရေးဆောင်ရွက်ရာ ကျောင်းသား ၄၁ ဦး ကျောင်းသူ ၅၆ ဦး စုစုပေါင်း ၉၇ ဦးအား တိုင်းရင်းဆေးဖြင့်ကျန်းမာရေး စောင့်ရှောက်ပေးခဲ့ကြောင်း သိရသည်။ 

ဆက်လက်ဖတ်ရှုပါ

မန္တလေးတိုင်း‌ဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၁၁-၉-၂၀၂၃)ရက်နေ့တွင်၊ ခရိုင်ဒုတိုင်းရင်း‌ဆေးမှူး ဒေါ်စုစုဝင်း၊ မြိုနယ်တိုင်းရင်းဆေးမှူး ဒေါ်‌‌ဆွေဆွေမြင့်တို့ ဦးဆောင်သောအဖွဲသည်‌ ကျောက်ဆည်မြို့နယ် တောင်လွှဲအမကကျောင်း၌ အခမဲ့ကွင်းဆင်းဆေးကုသခြင်းနှင့် ကျန်းမာရေးအသိပညာပေးဟောပြောခြင်းတွင် လူဦးရေစုစုပေါင်း (၁၂၀)ဦးနှင့် ကျားကလေး(၄၀)ဦး၊ မကလေး(၅၂)ဦး၊ စုစုပေါင်း(၉၂)ဦးတို့အား တိုင်းရင်းဆေးဖြင့် ဆေးကုသပေးခဲ့ပါကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် တိုင်းရင်းဆေးကုဌာနမှ  မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်မေသန်းမြင့်ထွေး  ဦးဆောင်သော ကွင်းဆင်းအဖွဲ့သည့်  ၁၁-၉-၂၀၂၃ တနင်္လာနေ့ (နံနက် ၁၀ နာရီ မှ နေ့လည် ၁၂နာရီအချိန်အထိ) အလုံမြို့နယ် အ.လ.က(၂) ကျောင်းတွင်  ကျောင်းသား/သူ (၁၁၅)ဦးအား  ချောင်းဆိုးခြင်း၊  အစာမကြေခြင်းများအကြောင်း ကို  အသိပညာပေး ဟောပြော၍ ကျန်းမာရေး အသိပညာပေး  လက်ကမ်း စာရွက် များ ဖြန့်ဝေပြီး  ကျားကလေး(၂၀)ဦး၊ မ ကလေး(၂၅)ဦး၊ မလူကြီး (၆)ဦး  စုစုပေါင်း (၅၂)ဦးတို့ အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ကျောင်းအုပ်ကြီးအား ဆေးကြပ်ထုပ်နှင့် အကြောလိမ်းဆေးဆီတို့ ကို မေတ္တာလက်ဆောင်ပေးအပ်ပြီး  တိုင်းရင်းဆေးဖြင့် အခမဲ့ကွင်း ဆင်း ဆေးကုသပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

Pages

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း