ရှမ်းပြည်နယ် တောင်ပိုင်းလွိုင်လင်ခရိုင် တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် (၂၅)ခုတင်ဆံ တိုင်းရင်းဆေးရုံမှ ၁၅.၉.၂၀၂၃ ရက်နေ့တွင် နံနက် (၉)နာရီမှ (၁၂)နာရီအထိ လွိုင်လင်မြို့၊ ရပ်ကွက် (၄) အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ လူနာ(၃၀)ဦး တို့အား တိုင်းရင်းဆေးဖြင့် အခမဲ့ကွင်းဆင်းဆေးကုသမှုပေးခဲ့ကြောင်း သိရှိရသည်။
ရခိုင်ပြည်နယ် စစ်တွေခရိုင် မြောက်ဦးမြို့နယ်တိုင်းရင်းဆေးကုဌာနမှ ၁၅-၉-၂၀၂၃ ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်သင်းသင်းဌေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ တေဇာရမ္မဘက ကျောင်း၌ ကျောင်းကျန်းမာရေးပညာပေးဆောင်ရွက်ခဲ့ရာတွင် ကျားကလေး ၅ ဦး၊ မကလေး ၆ ဦး စုစုပေါင်း ၁၁ ဦး အား ဆေးကုသမှုပေးခဲ့ပြီး ဆေးဝါးများလည်း လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
မကွေးတိုင်းဒေသကြီး မကွေးခရိုင် တောင်တွင်းကြီး မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝေယံမြင့်နှင့်အဖွဲ့သည် စားသုံးသူရေးရာဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနတို့နှင့်ပူးပေါင်း၍ ၁၄.၉.၂၀၂၃ ရက်နေ့တွင် မထီစံပြကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ကျောင်းသား/ကျောင်းသူ ၂၇ ဦး ဆရာ/ဆရာမ ၉ ဦး စုစုပေါင်း ၃၆ ဦးအား တိုင်းရင်းဆေးဖြင့်အခမဲ့ကွင်းဆင်းဆေးကုသပေးခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဦးတင်ဖြိုးအောင် ဦးဆောင်သောအဖွဲ့သည် ၁၄-၉-၂၀၂၃ ရက်နေ့၊ ကျန်စစ်သားရပ်ကွက်၊ အောင်တော်မူ ကျောင်းတိုက်ရှိရိပ်သာ၌ တရားစခန်းဝင်ယောဂီများကို တိုင်းရင်းဆေးဖြင့်အခမဲ့ ကွင်းဆင်းဆေးကုသ ပေးခဲ့ရာတွင် လူကြီး ကျား(၁၆)ဦး၊ လူကြီး မ( ၄၂ )ဦး၊ စုစုပေါင်း (၅၈) ဦးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။