မကွေးတိုင်းဒေသကြီး မကွေးခရိုင် တောင်တွင်းကြီး မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝေယံမြင့်နှင့်အဖွဲ့သည် စားသုံးသူရေးရာဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနတို့နှင့်ပူးပေါင်း၍ ၁၄.၉.၂၀၂၃ ရက်နေ့တွင် မထီစံပြကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ကျောင်းသား/ကျောင်းသူ ၂၇ ဦး ဆရာ/ဆရာမ ၉ ဦး စုစုပေါင်း ၃၆ ဦးအား တိုင်းရင်းဆေးဖြင့်အခမဲ့ကွင်းဆင်းဆေးကုသပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။