the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေး ပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် တိုင်းရင်းဆေးကုဌာနမှ  မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်မေသန်းမြင့်ထွေး  ဦးဆောင်သော ကွင်းဆင်းအဖွဲ့သည့်  ၁၁-၉-၂၀၂၃ တနင်္လာနေ့ (နံနက် ၁၀ နာရီ မှ နေ့လည် ၁၂နာရီအချိန်အထိ) အလုံမြို့နယ် အ.လ.က(၂) ကျောင်းတွင်  ကျောင်းသား/သူ (၁၁၅)ဦးအား  ချောင်းဆိုးခြင်း၊  အစာမကြေခြင်းများအကြောင်း ကို  အသိပညာပေး ဟောပြော၍ ကျန်းမာရေး အသိပညာပေး  လက်ကမ်း စာရွက် များ ဖြန့်ဝေပြီး  ကျားကလေး(၂၀)ဦး၊ မ ကလေး(၂၅)ဦး၊ မလူကြီး (၆)ဦး  စုစုပေါင်း (၅၂)ဦးတို့ အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ကျောင်းအုပ်ကြီးအား ဆေးကြပ်ထုပ်နှင့် အကြောလိမ်းဆေးဆီတို့ ကို မေတ္တာလက်ဆောင်ပေးအပ်ပြီး  တိုင်းရင်းဆေးဖြင့် အခမဲ့ကွင်း ဆင်း ဆေးကုသပေးခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း