ရှမ်းပြည်တောင်ပိုင်း၊ ပင်လုံမြို့နယ် တိုင်းရငိးဆေးကုဌာနမှ ၆-၉-၂၀၂၃ ရက်နေ့ ရှမ်းပြည်တောင်ပိုင်း၊ ပင်လုံမြို့နယ် တိုင်းရငိးဆေးကုဌာနနှင့်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍အ.လ.က(၃) ပင်လုံမြို့တွင် မြိုနယ်တိုင်းရင်းဆေးမှူး ဒေါ်စကားဝါမှ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ရာသီအလိုက်ဖြစ်တတ်သော ရောဂါများအတွက် ကာကွယ်နည်းများဟောပြောခဲ့ပြီး ကျား(၁၃)ဦး၊ မ(၃၇) ဦးတို့အား တိုင်းရင်းဆေးဖြင့်ကျန်းမာရေးစောင့်ရှောက်ခဲ့ပါကြောင်း သိရှိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ (၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ မော်လမြိုင်ကျွန်းမြို့မှ ၆-၉-၂၀၂၃ ရက်နေ့တွင် ချမ်းမြေ့ဘိုးဘွားရိပ်သာ၌ ကွင်းဆင်းဆေးကုသရာ လူနာကျား(၆)ဦး၊ မ(၉)ဦး၊ စုစုပေါင်းလူနာ(၁၅)ဦးအား ကွင်းဆင်းကုသပေးခဲ့ကြောင်း သိရှိရသည်။
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ကျုံပျော်မြို့နယ် (၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံမှ (၆.၉.၂၀၂၃)ရက်နေ့ တွင် မြဝတီရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်း၌ ကွင်းဆင်းဆေးကုသရာတွင် ကျား(၃၇)ဦး၊ မ(၂၆)ဦး လူနာ စုစုပေါင်း(၆၃)အား ကွင်းဆင်းကုသပေးခဲ့ပြီး ရာသီတုပ်ကွေးရောဂါအကြောင်းကို လူဦးရေ (၃၀)ဦးအား ကျန်းမာရေးပညာပေးဟောပြောခဲ့ကြောင်း သိရှိရသည်။
ကရင်ပြည်နယ် ခုတင် ၅၀ ဆံ့ ဘားအံတိုင်းရင်းဆေးရုံမှ ၆-၉-၂၀၂၃ ရက်နေ့တွင် ဒုတိယတိုင်းရင်းဆေးမှုး ဒေါ်ကေဇင်စိုး နှင့် အထက်တန်းသူနာပြု ဒေါ်နန်းမင်းမင်းအေး တို့မှ အ ထ က ၄ ဘားအံမြို့၌ ကျောင်းကျန်းမာရေး ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ရာတွင် ကျောင်းသား ၅၀ ဦး ၊ ကျောင်းသူ ၄၈ ဦး၊ စုစုပေါင်း ၉၈ ဦးတို့အား ဆေးကုသမှုပေးခဲ့ပါကြောင်း သိရှိရသည်။