ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် တိုင်းရင်းဆေးကုဌာနမှ လက်ထောက်တိုင်းရင်းဆေးမှူးဒေါ်ခင်းလင်းရွှေသည် ၂၆-၈-၂၀၂၃ ရက်နေ့တွင် ရမ်းဗြဲမြို့နယ် ကေျာက်ဆောက်ကျေးရွာအုပ်စုကျောက်ဆောက်ကျေးရွာ ဘုန်းကြီးကျောင်း ၌ ကျား လူကြီး ( ၈) ဦး၊ ကျားကလေး ( ၂ ) ဦး နှင့် မ လူကြီး ( ၅၆)ဦး ၊ မကလေး ( ၁) ဦး စုစုပေါင်း ၆၇ ဦးတို့အား တိုင်းရင်းဆေးဖြင့်ကွင်းဆင်းကုသပေးခဲ့ပြီး ပြည်သူ (၈၀ ) ဦးအား ကျန်းမာရေးပညာပေးဟောပြောမှု ပြုလုပ်ခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။