ရှမ်းပြည်နယ် ခုတင်(၅၀)ဆံ့ တိုင်းရင်းဆေးရုံ အေးသာယာ(တောင်ကြီး)မှ ဆေးရုံအုပ်နှင့် ဆရာ/ဆရာမ (၇)ဦး တို့သည် ၂၀-၈-၂၀၂၃ ရက်နေ့တွင် တောင်ကြီးမြို့ ရတနာသီရိရပ်ကွက် ဓမ္မဝိဒူ အုပ်ဖို လူငယ်ဖွံဖြိုးရေး ပရဟိတကျောင်းသို့သွားရောက်ပြီး ကိုရင်(၅၂)ပါး၊ ကျား(၁၈)ဦးမ(၁၅၉)ဦး စုစုပေါင်း(၂၂၉)ဦးတို့အား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။